မန္တလေး ၁၃ မတ် 

 

အသက်ငယ်ရွယ်စဉ်မှာပင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်အောင် ဖြေဆိုဖို့ အသက် ၇၃ နှစ်အရွယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ဦးစိုင်းအောင်ညွှန့် ကပြောသည်။

 

ဦးစိုင်းအောင်ညွှန့်သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၅ ကျောင်းတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇီဝဗေဒဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူဖြစ်သည်။

 

‘ငယ်ငယ်ကတည်းက အောင်မြင်အောင်လုပ်ပါ။ အဘတို့က တအားအသက်ကြီးပြီဆိုတော့ တအားပင်ပန်းတယ်’ဟု ဦးစိုင်းအောင်ညွှန့်က ပြောသည်။

 

2019031

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  စာသင်ကြားချိန် ရက်ပေါင်း ၁၅၃ ရက်ဖြင့် ဝင်ရောက်ဖြေဆိုရသည့်အတွက် စာသင်ချိန်နည်းပါးခဲ့ကြောင်း၊ ယခုစာမေးပွဲတွင်  မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာရပ်တွင် ဖြေဆိုမှုအားရခဲ့ကြောင်း ပြောကြားခဲ့သည်။ 

 

‘အဓိက အောင်ဖို့တောင် သိပ်စိတ်မကူးဘူး။ အောင်လည်း အမှတ်တအား နည်းမှာ။ဘာလို့လည်းဆိုတော့ ၁၅၃ ရက်နဲ့ ဖြေရတာ။ ရူပဗေဒဆို သူများက ၁၀ဝ ဖြေရင် ၆၀ လောက်ပဲ ဖြေနိုင်တယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာမှာအား အကောင်းဆုံးဖြေဆိုနိုင်ပါတယ်’ဟု ဦးစိုင်းအောင်ညွှန့်ကပြောသည်။

 

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  ဇီဝဗေဒဘာသာ တွဲဖြေဆိုသည့် ကျောင်းသားများသည် မတ်လ ၁၃ ရက်တွင် စာမေးပွဲဖြေ ဆိုမှုပြီးဆုံးခဲ့သည်။ 

 

အိမို့မို့ခိုင်

 

54277