နေပြည်တော်၊ ဩဂုတ် ၄ 

 

တပ်မတော်တွင် သတ္တမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု (ဒုတိယနေ့) ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ  တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်သည်။ အဆိုပါ အသည်းအစားထိုးခွဲ စိတ်ကုသမှုတွင် လူနာဖြစ်သူ ဦးဇေယျာလတ်နှင့် ညီမဖြစ်သူ အသည်းအလှူရှင် မခင်ယွန်းဝတီ လှိုင်တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီ တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၄ နာရီခွဲ ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင် လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သောပြုစု ကုသမှုများကို  သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူ အရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။     

သတင်းစဉ်