ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

အသည်းက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထဲမှာ အကြီးမားဆုံးအစိတ်အပိုင်းပါ။ အသည်းကကခန္ဓာကိုယ်အတွက် လုပ်ငန်းဆောင်တာပေါင်း ၅၀ဝ ကျော်ကို လုပ်ဆောင်ပေးနေပါတယ်။ အသည်းလုပ်ငန်းဆောင်တာတွေထဲမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာလည်း တစ်ခုအပါအဝင်ပေါ့။

 

အသည်းက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ကျန်းမာတဲ့ အစာခြေစနစ်ဖြစ်ပေါ်လာစေဖို့အတွက် သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ အသည်းကျန်းမာနေမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မှာပါ။ ဒါကြောင့် အသည်းကျန်းမာရေးက မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ အသည်းမှာရောဂါတစ်ခုခု ခံစားရပြီဆိုရင် ကိုယ်တွင်း ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းနည်းလာပြီး အမျိုးမျိုးသော ရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။

 

ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင် အသည်းမှာ ရောဂါတစ်ခုခုဖြစ်နေတာပါ

ခန္ဓာကိုယ်အတွက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်တဲ့ အသည်းမှာ ရောဂါတစ်ခုခုဖြစ်နေပြီဆိုရင် –

အရေပြားတွေ ယားယံမယ်

အသားတွေဝါလာမယ်

ရောင်ရမ်းမယ်

သွေးကြောဆိုင်ရာ ရောဂါတွေခံစားရမယ်

ခြေကုန်လက်ပမ်းကျမယ်

မအီမသာဖြစ်မယ်

ဝမ်းလျှောမယ်

ဆီးမဲမဲကြီးတွေသွားမယ်

ဗိုက်ထဲကအောင့်မယ်

အစားစားချင်စိတ်မရှိဖြစ်မယ်။

 

အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာတဲ့ အသည်းလေးဖြစ်စေဖို့

အသည်းကျန်းမာစေဖို့ အတွက် နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထ နဲ့ အစားအစာအမူအကျင့်လေးတွေကို သတိထားလုပ်ဆောင်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ အသည်းကျန်းမာပြီး အဆိပ်အတောက် ကင်းစင်စေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။

 

နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဗီတာမင် B များများပါဝင်အောင်စားသုံးပေးပါ

ဗီတာမင် B ကဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုသလို ခန္ဓာကိုယ်ကိုလည်း အင်အားပြည့် စေပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် B များများထည့်သွင်းစားသုံးမယ်ဆိုရင် စွမ်းအင်တွေ ဖြစ်လာစေဖို့အတွက် ဆဲလ်တွေက အာဟာရဓာတ်တွေဖြိုခွဲလုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး အသည်းတဝိုက်မှာ အဆီပိုတွေ စုစည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဗီတာမင် B က ခြေကုန် လက်ပမ်းကျတာကို သက်သာစေပြီး တစ်နေကုန် လန်းဆန်းတက်ကြွနေအောင် လုပ်ဆောင်ပေးမှာ ပါ။  အဆိပ်အတောက်ကင်းပြီး ကျန်းမာတဲ့ အသည်းဖြစ်စေဖို့ဆိုရင် နေ့စဉ် ဗီတာမင် B ကိုစားသုံးဖို့ မမေ့ပါနဲ့။

 

ဗီတာမင် C ပြည့်ပြည့်ဝဝရရှိအောင် စားသောက်ပါ

ဗီတာမင် C ကစွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါ။ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်ပါ တယ်။ ဗီတာမင် C က အသည်းလိုမျိုး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေနဲ့ Free radicals တွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် C ပါဝင်အောင် စားသုံးပေးမယ်ဆိုရင် အသည်းကို ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

 

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ

ကိုယ်တွင်းက ကိုလက်စထရောတွေကိုလျှော့ချဖို့၊ နှလုံးသွေးကြောစနစ်တွေကို ကျန်းမာစေဖို့နဲ့ သွေးပေါင်ချိန် တိုးတာတွေကို လျော့ပါးသက်သာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးက ပိုတက်ဆီယမ်ပါ။ အသည်းကျန်းမာစေဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ် တို့လိုမျိုး အသီးအရွက် တွေကို ထည့်သွင်းစားသုံးပေးပါ။

 

သံဓာတ်လုံလောက်အောင်စားသုံးပေးပါ

သွေးနီဥဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပေါ့။ အသည်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သံဓာတ်တွေကိုထုတ်ပေးရတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။ အသည်းက သံဓာတ်တွေကို စုဆောင်းထားပြီး ခန္ဓာကိုယ်လိုအပ်တဲ့အခါ ထုတ်ပေးတာပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ သံဓာတ်မလုံလောက်တဲ့အခါမျိုးမှာ အသည်းက စုဆောင်းထားတဲ့ သံဓာတ်တွေကို ထုတ်လုပ်ပေးရပါတယ်။ သံဓာတ်ပမာဏကို အများကြီးထုတ်ပေးရတဲ့အခါ အသည်းမှာ ထိခိုက်ပျက်စီးတာတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့် ကျန်းမာတဲ့အသည်းဖြစ်ဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သံဓာတ်ရရှိစေနိုင်မယ့် အစားအစာတွေကို စားသုံးပေးပါ။

 

ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ သန့်စင်ထားတဲ့ သကြားတွေကို ရှောင်ပါ

ပြုပြင်ထားတဲ့ အစားအသောက်တွေနဲ့ အချိုများတဲ့ အစားအစာတွေက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒီအစားအစာတွေထဲမှာ တာရှည်ခံဆေးတွေ နဲ့ ဓာတုပစ္စည်းတွေများစွာပါဝင်နေပြီး အသည်းကို ထိခိုက်စေနိုင် တာကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ အစားအစာတွေ များများပါဝင်အောင် စားသုံးပေးပါ။

 

Detox Water သောက်ပေးပါ

သံပရိုသီးနဲ့လုပ်ထားတဲ့ Detox Water က အသည်းကို အထောက်အပံ့ပေးနိုင်ပါတယ်။ အဆိပ်အတောက် တွေကို ဖယ်ရှားပေးသလို အသည်းရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ နေ့စဉ် Detox Water သောက်သုံးပေးမယ်ဆိုရင် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်သလို အသည်းကျန်းမာစေနိုင်ပါတယ်။

 

အသည်းကျန်းမာစေနိုင်မယ့် ဆေးတစ်မျိုးမျိုးသောက်သုံးပေးပါ

အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်လို့ရသလို အစားအစာတွေကို စားသုံးမှုက ပြည့်စုံမှုမရှိဘူးလို့ ယူဆရင်ဖြစ်ဖြစ် တစ်မျိုးတည်းနဲ့ အသည်းကျန်းမာစေချင်တယ်ဆိုရင်တော့ အသည်းကျန်းမာ စေဖို့အတွက် ထုတ်ထားတဲ့ Livolin Forte လိုမျိုးဆေးဝါးတွေကို သောက်သုံးပေးလို့ရပါတယ်။ အသည်းအတွက် အားဖြည့်တဲ့ဆေးဝါးတွေဝယ်ယူတဲ့အခါ လိုအပ်မယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်တာကို ရွေးချယ်မိဖို့လိုပါမယ်။ Livolin Forte မှာ အသည်းအတွက်လိုအပ်တဲ့ ဗီတာမင် B1၊ ဗီတာမင် B2၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် B3 နဲ့ Essential phospholipids တို့ပါဝင်နေတာကြောင့် အသည်းကျန်းမာစေနိုင်ပြီး အသည်ရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ အစားအသောက်တွေထဲက မမြင်ရတဲ့အန္တရာယ်နဲ့ အရက်တို့ကြောင့် အသည်းထိခိုက်တာမျိုးမဖြစ်စေဖို့ Livolin Forte နဲ့ ကိုတာဝန်ပေးလိုက်ပါ။

 

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_87_2.jpg