အသည်းရောင် အသားဝါ (ဘီ) ရောဂါ သိရှိကာကွယ်ပါ

အသည်းရောင် အသားဝါရောဂါ (ဘီ) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် အသက် အန္တရာယ်ရှိသော အသည်းရောဂါ တစ်မျိုးဖြစ်ပြီး ရုတ်တရက် အသည်းရောင်ရောဂါနှင့် နာတာရှည်အသည်းရောဂါ (၂)မျိုးလုံး ဖြစ်ပွားနိုင်ပါသည်။

 

ရောဂါလက္ခဏာများ

 

• ဖျားခြင်း၊

 

• မောပန်းနွမ်းနယ်ခြင်း၊

 

• ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊

 

• ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊

 

• အစားအသောက်ပျက်ခြင်း၊

 

• အဆစ်အမြစ်ကိုက်ခဲခြင်း၊

 

ကူးစက်နိုင်သည့် နည်းလမ်းများ

 

(၁) မိခင်မှ ကလေးသို့ ကလေးမွေးဖွားစဉ်တွင် ကူးစက်နိုင်ခြေ များပါသည်။

 

(၂) ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊

 

(၃) ရောဂါပိုး ပါဝင်နေသော သွေး၊ ခန္ဓာကိုယ်မှ ထွက်သော အရည်များ၊ တံတွေးများ၊ ရာသီသွေးများနှင့် ထိတွေ့ကိုင်တွယ်ရာမှ ကူးစက်ခြင်း၊

 

(၄) ရောဂါပိုးရှိနေသော သွေးသွင်းမိခြင်း၊

 

(၅) အကြောတွင်းသို့ မူးယစ်ဆေး ထိုးသွင်းလေ့ရှိသူများတွင် အပ်နှင့် ဆေးထိုးပြွန်များအား ထပ်ခါထပ်ခါ အသုံးပြုခြင်း၊

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန