အသည်းရောင်အသားဝါရောဂါနှင့် စိတ်အားငယ်ခြင်းကိုအားပေးခြင်း

ရေးသားသူ Dr. Sandar Lin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

 

အသည်းရောင်အသားဝါရောဂါဖြစ်ခြင်းသည် ဘဝတွင် အခက်ခဲဆုံးသော တွေ့ကြုံမှုဖြစ်ပါတယ်။ သင်ပထမဆုံး ရင်ဆိုင်ကြုံတွေ့ရမှာကတော့ စိတ်အလိုမကျခြင်းဖြစ်ပါတယ်။ ၄င်းကို ကျော်လွှားရန်ခက်ခဲသော်လည်း မိမိစိတ်ကိုထိန်းချုပ်ရန်နှင့် မကောင်းသောအတွေးများမတွေးရန် ကြိုးစားသင့်ပါတယ်။ အခက်အခဲများကို သင်ရင်ဆိုင်ကျော်လွှားနိုင်ရန် သတင်းအချက်အလက်အချို့ကို အောက်တွင်ဖော်ပြထားပါတယ်။

 

 

သင့်တွင် အသည်းရောင်အသားဝါ ရောဂါရှိမှန်းသိသောအခါ နောက်ဆက်တွဲ စိတ်မတည်ငြိမ်ခြင်းများ (စိတ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အကာအကွယ်မဲ့ခြင်း) ကိုခံစားရ နိ်ုင်ပါတယ်။ စိတ်မတည် ငြိမ်ခြင်းကို ကိုင်တွယ်ရသည်မှာ သိပ်တော့မလွယ်ကူလှပါဘူး။ မိသားစုနှင့် သူငယ်ချင်း ဖေးမမှုများလိုအပ်သလို အခက်အခဲများကို ကျော်လွှားရန် အဓိကအကြောင်းရင်းမှာ သင်ကိုယ် တိုင်ပင်ဖြစ်ပါတယ်။

 

 

မိမိခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

ခန္ဓာကိုယ်ကျန်းမာပြီး အားအင်ပြည့်ဝနေသောအခါ သင့်၏စိတ်သည်လည်း ပို၍ရွှင်လန်းနေမှာပါ။ အားကစား လုပ်ခြင်း၊ အာဟာရရှိသောအစာစားခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်းများသည် သင်၏ခန္ဓာကိုယ် ကျန်းမာလှပစေဖို့ အခြေခံလိုအပ်သောနည်းလမ်းများဖြစ်ပြီး စိတ်အလိုမကျမှုများကို ပို၍ခံနိုင်ရည် ရှိလာပါလိမ့်မည်။ မကျန်းမာစေသော အလေ့အထများ (ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်ခြင်း၊ ဆရာဝန်မညွှန်ကြားဘဲ ဆေးသောက်ခြင်း) ကိုရှောင်ကြဉ်ရန် မမေ့ပါနှင့်။

 

 

သင့်ရောဂါနှင့်ပတ်သက်သော ဗဟုသုတများကိုရှာဖွေပါ။

သင့်ရောဂါအကြောင်း ပို၍သိလာလေ၊ သင်ခံစားနေရသော စိတ်ဖိစီးမှုများ လျော့နည်းလာလေဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ရောဂါနှင့်ပတ်သက်၍ ဗဟုသုတရှိလျှင် သင့်ကျန်းမာရေး ပိုမိုကောင်းမွန်ရန် ဘာလုပ်ရမည်ကို သိလာသောကြောင့်ဖြစ်သည်။ ထို့ပြင် သင့်ရောဂါကြောင့်ဖြစ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကိုင်တွယ်နိုင်ရန်ကူညီပါလိမ့်မည်။

 

 

ဘဝကိုပျော်ရွှင်စွာဖြတ်သန်းပါ။

သင်ကြိုက်သောအရာများ၊ ဝါသနာများပြုလုပ်ခြင်းသည် သင့်ကိုကောင်းမွန်လာစေနိုင်ပါတယ်။ နာကျင်မှုနှင့်မ ကောင်းသော စိတ်ခံစားမှုများပေါ်တွင် အာရုံစိုက်နေလျှင် သင်နှစ်သက်သောအရာများကို မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့်အိမ်မှာဘဲနေပြီး ရောဂါအကြောင်းစဉ်းစားနေတာ မျိုးမလုပ်ပါနှင့်။ သီချင်းနားထောင်ခြင်းသည်လည်း စိတ်ပျော်ရွှင်မှုတချို့ ပေးနိုင်ပါတယ်။ သင်နှစ်သက်သော သီချင်း သို့ တခါမျှနားမထောင်ဖူးသော သီချင်း အသစ်များနှင့် နေ့ရက်ကို စတင်လိုက်ပါ။

 

 

သဘာဝအသံများ(ရေလှိုင်းသံ၊ သစ်ရွက်လှုပ်သံနှင့် စမ်းချောင်းအသံ) သည်လည်းသင်၏ စိတ်အာရုံကို ကြည်လင်စေနိုင်မှာပါ။ ဖန်တီးမှုများ(ဥပမာ- ပန်းချီဆွဲခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ တူရိယာတီးခြင်း၊ ချက်ပြုတ်ခြင်း) ပြုလုပ်ခြင်းသည်လည်း သင့်စိတ်ကိုအေး ချမ်းတည်ငြိမ်စေမှာပါ။ သဘာဝအလှများကို ခံစားခြင်း (ခရီးတိုသွားခြင်း၊ ကမ်းခြေသွားခြင်း၊ တောင်တက်ခြင်း) သည် အကောင်းဆုံးအရာဖြစ်ပါတယ်။ အကယ်၍ သင့်တွင် အချိန်မရလျှင်ပန်းခြံသို့သွားပြီး လမ်းလျှောက်ခြင်းဖြင့် ပျော်ရွှင်ခံစားနိုင်ပါတယ်။

 

 

သင်ချစ်ခင်သောသူနှင့် အချိန်ကိုကုန်ဆုံးပါ။

အထက်တွင်ဖော်ပြထားသကဲ့သို့ ခက်ခဲသောအချိန်များကို သင်တစ်ယောက်တည်း ကျော်ဖြတ်ရန်မှာ ခက်ခဲလှပါတယ်။ မိသားစုသည် သင့်အတွက် အကြီးမားဆုံးခွန်အားဖြစ်သည်ကို သတိရပါ။ ယနေ့ခေတ်တွင် တစ်ယောက်တည်း တသီးတခြားဖြစ်ရန် လွယ်ကူလှပါတယ်။ သို့သော်လည်း သင့်တွင်အသည်း ရောင်အသားဝါ ရောဂါရှိလျှင်တော့ တစ်ယောက်တည်း မနေသင့်ပါဘူး။ ဆွေမျိုးသားချင်း သူငယ်ချင်းများနှင့် စကားပြောရင်း အချိန်ကုန်ခြင်းဖြင့် ပို၍ရင်းနှီးလာပြီးသူတို့၏ ဖေးမမှုများကို ရရှိလာနိုင်ပါတယ်။

 

 

စိတ်အလိုမကျမှုများကို ကျော်လွှားနိုင်ရန် အချိန်လိုအပ်ပါလိမ့်မည်။ သို့သော်လည်း သင်တစ်ယောက်တည်း အခက်အခဲများကို မဖြေရှင်းနိုင်တာကို သတိရပါ။ သင့်ဘေးနားတွင်ရှိသော လူများနှင့်တိုင်ပင်ပါ။ အခက်အခဲများကို သင်လွယ်လွယ်လေး ကျော်ဖြတ်နိုင်မှာပါ။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_33.jpg