အသည်းရောင်ရောဂါအမျိုးမျိုး

ရေးသားသူ Hello Sayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါဆိုသည်မှာ အသည်း၏လုပ်ငန်းများကို ထိခိုက်စေပြီး အသည်းကင်ဆာအထိဖြစ်ပွားစေနိုင်ပါသည်။ အသည်းရောင်ရောဂါ A,B,C,D,E ဟူ၍ မျိုးကွဲငါးမျိုးရှိပြီး ပိုးအားလုံးဟာ အသည်းရောင်ရောဂါ ဖြစ်ပွားစေနိုင်သော်လည်း ဖြစ်ပွားပုံနည်းလမ်းများ ကွာခြားပါသည်။

 

အသည်းရောင်ရောဂါ(အေ)ပိုး

အသည်းရောင်ရောဂါ(အေ)ကိုဖြစ်စေပြီး ကူးစက်မြန်ပါတယ်။ လူနာ၏မစင်တွင်ပါတတ်ပြီး မသန့်ရှင်းသော ရေနှင့် အစားအစာတို့မှ ကူးစက်နိုင်ပါသည်။ ထို့အပြင်လိင်ဆက်ဆံခြင်းမှလည်း ကူးစက်နိုင်သည်။

 

မပြင်းထန်သော အသည်းရောင်ရောဂါ(အေ)သည် ကုသရန်မလိုပါ။ အသည်းအား တစ်စုံတစ်ရာ ထိခိုက်ခြင်းမရှိဘဲ ပြန်ကောင်းနိုင်ပါသည်။ သို့သော်လည်း အသည်းရောင်ရောဂါ(အေ)သည် တစ်ခါတရံတွင် ပြင်းထန်စွာ ဖြစ်ပွားတတ်ပြီး အသက်အန္တရယ် ဖြစ်စေနိုင်ပါသည်။

 

ညစ်ညမ်းသောနေရာများတွင် အဖြစ်များသည့်အတွက်ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှု မြှင့်တင်ခြင်းသည် အကောင်းဆုံးကာကွယ်မှုဖြစ်သည်။ အသည်းရောင်ရောဂါပိုး (အေ)ကို ကာကွယ်ရန်အတွက် လုံခြုံထိရောက် သော ကာကွယ်ဆေးများလည်း ရရှိနေပါပြီ။

 

 အသည်းရောင်ရောဂါ(ဘီ)ပိုး

အသည်းရောင်ရောဂါ(ဘီ)သည် အသည်းရောင်အသားဝါ (ဘီ)ပိုးကြောင့်ဖြစ်သော ပြငး်ထန်သည့် အသည်းရောဂါဖြစ်သည်။ ရောဂါပိုးပါသောသွေး၊ သုတ်ပိုးနှင့် အခြားခန္ဓာကိုယ်မှ အရည်များဖြင့် ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်သည်။ ရောဂါပိုးပါသော သွေးအားသွင်းမိခြင်း၊ အပ်စူးခြင်းတို့မှလည်း ကူးစက်နိုင်သည်။

 

အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိခင်မှ ကလေးမွေးချိန်တွင်လည်းကောင်း၊ ကလေးငယ်သေးချိန်တွင် အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိသားစုဝင်မှလည်းကောင်း ကူးစက်နိုင်သည်။ တစ်နှစ်အောက် ကလေးနှင့်ကလေးငယ်များတွင် နာတာရှည်အသည်းရောင်ရောဂါ(ဘီ) ဖြစ်လွယ်သည်။

 

ကျန်းမာရေး လုပ်သားများတွင်လည်း အဖြစ်များပြီး ရောဂါပိုးသယ်ဆောင်သော အပ်စူးမိခြင်းမှ ကူးနိင်သည်။ လုံခြုံထိရောက်သော ကာကွယ်ဆေးများလည်းရရှိနေပါပြီ။ ရောဂါကိ်ုပျောက်ကင်းအောင် မကုသနိုင်သေးပါ။

 

ရောဂါပိုးကရှိသူသည် အခြားသူများအား မကူးစက်အောင် ကြိုတင်ကားကွယ်မှုများပြုလုပ်ကာ ရောဂါမပြန့်ပွား စေရန် ပြုလုပ်ရမည်ဖြစ်သည်။

 

အချို့သူများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်ခံရမှုသည် နာတာရှည်အဖြစ်သို့ ကူးပြောင်းသွား တတ်ပါသည်။ ကူးစက်ခံရပြီး ခြောက်လကျော်သည်အထိ ပိုးမပျောက်ကင်းသည့်အခါ နာတာရှည် အသည်းရောင်(ဘီ) အဖြစ်သတ်မှတ်ပြီး နာတာရှည် အသည်းရောင် (ဘီ) သမားများတွင် အသည်းပျက်စီးမှုနှင့် အသည်းကင်ဆာ၊ အသည်းခြောက်မှုများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာစေပါသည်။

 

 အသည်းရောင်ရောဂါ(စီ)ပိုး

အသည်းရောင်ရောဂါ(စီ)ပိုးသည် အသည်းကိုတိုက်ခိုက်ပြီး အသည်းအား ရောင်ရမ်းစေတတ်သော ရောဂါပိုး တစ်မျိုးဖြစ်သည်။ ရောဂါပိုးပါသော သွေးနှင့်ထိတွေ့ခြင်း၊ မူးယစ်ဆေးသုံးစွဲစဉ် အပ်များမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်နိုင်ရုံသာမက လိင်မှတစ်ဆင့်(အဖြစ်နည်း)လည်း ကူးစက်နိုင်သည်။ အသည်းရောင်အသည်းဝါ(စီ)ပိုး အသည်းရောင် အသည်းဝါပိုးများထဲတွင် အဆိုးဆုံးဖြစ်သည်။ ကာကွယ်ဆေးမရှိပါ။

 

 အသည်းရောင်ရောဂါ(ဒီ)ပိုး

အသည်းရောင်ရောဂါ (ဘီ)ပိုးရှိသောသူသည် အသည်းရောင်ရောဂါ(ဒီ)ပိုးပါတွဲရှိနေတတ်ပြီး ပို၍ဆိုးဝါးသော ရလဒ်များရရှိနိုင်သည်။ ဘီပိုးကာကွယ်ဆေးသည် ဒီပိုးအတွက်လည်း ကာကွယ်မှုပေးသည်။

 

 အသည်းရောင်ရောဂါ(အီး)ပိုး

အသည်းရောင်ရောဂါ(အီး)ပိုးသည် မသန့်ရှငး်သောရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်တတ်သည်။ အချိုဖွံဖြိုးဆဲနိုင်ငံများတွင် အသည်းရောင်ရောဂါများ အဖြစ်များသည်။ ကာကွယ်ဆေးများ ထွက်ပေါ်နေပြီဖြစ်သော်လည်း ကျယ်ပြန်စွာမရရှိနိုင်သေးပါ။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"