အသုံးပြုသူတိုင်း အားရကျေနပ်မှု ရှိစေမယ့် Vivo X20 Plus

သူ့ရဲ့ Network အမျိုးအစားဟာဆိုရင် GSM/ CDMA/ HSPA/ LTE အမျိုးအစားဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ အလေးချိန်ဟာ ၁၈၁ ဒသမ ၅ ဂရမ်သာ ပါရှိပြီး ဖုန်းရဲ့ အထူကတော့ ၇ ဒသမ ၅ မီလီမီတာ ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ဟာ ၆ ဒသမ ၄၃ လက်မနဲ့ ၁၀၆ ဒသမ ၇ မီလီမီတာ မျက်နှာပြင်အကျယ် ပါရှိတဲ့အတွက် ဂိမ်းဆော့တဲ့အခါ ဒါမှမဟုတ် ဗီဒီယို ကြည့်တဲ့အခါမှာ ကျေနပ်မှု ရှိစေမှာဖြစ်ပါတယ်။ Vivo X20 Plus ဖုန်းရဲ့ Resolution ဟာ 1080 x 2160 pixels ရှိလို့ ရုပ်ထွက်ကောင်းမွန်မှု ရှိပါတယ်။ Android 7.1.1 လည်ပတ်မှုစနစ် ပါဝင်ပြီး ဖုန်းအတွင်း လုပ်ဆောင်မှု ကောင်းပြီး အရည်အသွေး ကောင်းမွန်သော စမတ်ဖုန်းအမျိုးအစား တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ RAM ပါဝင်မှု သိုလှောင်သိမ်းဆည်းမှု အတွက် 4GB နှင့် 64GB ဟူ၍ အသုံးပြုနိုင်ပြီး Micro SD 256 GB ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်မည်ဟု သိရသည်။ 12MP+5MP ရှိသော ကင်မရာနှစ်လုံးကို ဖုန်း၏ ကျောဘက်တွင် တပ်ဆင်ပေးထားပြီး အရှေ့ဘက်ကင်မရာမှာ 12MP ပါဝင်သည်။ လက်ဗွေဖတ်စနစ်မှာ ဖုန်း၏ ကျောဘက်တွင် ပါဝင်ပြီး 3900 mAh ဘက်ထရီပမာဏ ပါဝင်တာကြောင့် တစ်နေ့တာ ဖုန်းအသုံးပြုမှုအတွက် ကြာရှည်ခံ လုံလောက်မှာဖြစ်ပါတယ်။ 


Vivo X20 Plus ရဲ့ကာလာအနေနဲ့ Matte Black, Gold နဲ့ Rose gold ဆိုပြီး အရောင်သုံးမျိုး ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ဈေးနှုန်းအနေနဲ့ကတော့ ယူရို 450 ခန့်ရှိတယ်လို့ သိရပါတယ်။


အေးစုမော်(MDN)