မိုင်းယောင်း ၇ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၁)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၇ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ပရိတ်တရားနာအခမ်းအနားကို ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မိုင်းဟန်ဆရာတော်ထံမှ ငါးပါးသီလ နှင့် ပရိတ်တရားတော်များကို ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ပင့်သံဃာတော်များအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ တက်ရောက်လာသော ဧည့်သည်များနှင့် ထွေ/အုပ် ဝန်ထမ်းများက လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်ချ အမျှပေးဝေခဲ့ကြပြီး နံနက်အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ အခမ်းအနားကျင်းပရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၁)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စားပွဲတင် တင်းနစ်(စ်)ပြိုင်ပွဲတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများ နှင့် ဝန်ထမ်းများအား မဲဖောက်ပေးရာ၌ မဲပေါက်သူများအား အမှတ်တရပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


