နယူးဒေလီ ၁၁ မတ် 

အိန္ဒိယနိုင်ငံသည် ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို တနင်္ဂနွေနေ့တွင် ကြေညာမည်ဖြစ်ပြီး သန်းပေါင်း ရာချီသည့် ပြည်သူများက ဆန္ဒမဲထည့်ဝင်မှုကို မြင်တွေ့ရတော့မည် ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က တနင်္ဂနွေနေ့နှောင်းပိုင်းတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပရန် တိုက်တွန်းခဲ့ပြီး သတင်းစာရှင်းလင်းပွဲ၌ ရက်သတ္တပတ်များစွာ ကြာမြင့်သည့် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ထုတ်ဖော်ကြေညာမည်ဖြစ်ကြောင်း အကြီးတန်းအစိုးရအာဏာပိုင်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ရာဟူးလ်ဂန္ဒီနှင့် ယှဉ်ပြိုင်သွားမည်ရွေးကောက်ပွဲအတွင်း အိန္ဒိယနိုင်ငံ၏ အောက်လွှတ်တော်အတွက် ဥပဒေပြုအမတ် ၅၄၃ ဦးကို ရွေးချယ်တင်မြှောက်သွားမည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ၌ ကမ္ဘာ့လူဦးရေ ဒုတိယအထူထပ်ဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံကို ဦးဆောင်နိုင်ရန်အတွက် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ဒုတိယအကြိမ်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဂန္ဒီနေရူး၏ နောက်ဆုံးမျိုးဆက်ဖြစ်သည့် ရာဟူးလ်ဂန္ဒီနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်အားလျော့နည်းစေမည်ဝန်ကြီးချုပ်မိုဒီ၏ လက်ယာယိမ်းပါတီသည် ၂၀၁၄ ခုနှစ်က အနိုင်ရခဲ့ပြီး ၄င်း၏ BJP ပါတီသည် ဂန္ဒီ၏ လက်ဝဲယိမ်းကွန်ဂရက်ပါတီကို နောက်တစ်ကြိမ်ပြန်လည် အင်အားလျော့နည်းစေမည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲအတွင်း ပြည်သူသန်းပေါင်း ၈၃၀ တို့ မဲပေး ခွင့်ရရှိခဲ့သော်လည်း ပြည်သူ သန်းပေါင်း ၅၅၀ သာ မဲထည့်ဝင်ခဲ့ကြသည်။

အေအက်ဖ်ပီ