၉ ဧပြီလ

 

အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးရန် အစ္စရေးနိုင်ငံသားများ အင်္ဂါနေ့တွင် မဲရုံများသို့ သွားရောက်ကြမည် ဖြစ်သည်။

 

ဝန်ကြီးချုပ် နေတန်ရာဟုဦးဆောင်သော အစိုးရအဖွဲ့ နိုဝင်ဘာလအတွင်း ၎င်း၏ တာဝန်သက်တမ်းပြီးမြောက်ပြီး နောက်ပိုင်းတွင် အဆိုပါ ရွေးကောက်ပွဲကို ပြုလုပ်မည်ဟု ယူဆခဲ့ရသည်။ သို့သော်လည်း  ညွန့်ပေါင်းအစိုးရအဖွဲ့ ရှိ ပါတီများကြား သဘောထားကွဲလွဲမှုကြောင့် ပြီးခဲ့သော ဒီဇင်ဘာလတွင် အဆိုပါ ရွေးကောက်ပွဲကို စော၍ ကျင်းပရန် တောင်းဆိုခဲ့သည်။ 

 

လွှတ်တော်အတွင်း အင်အားအကြီးမားဆုံး အင်အားစုဖြစ်လာစေမည့် အခွင့်အရေးတစ်ရပ်အတွက် ဝန်ကြီးချုပ် နေတန်ရာဟု၏ လီကွတ်ပါတီသည် ဘင်နီဂရက်ဂန့်၏ Blue and White ပါတီနှင့် ယှဉ်ပြိုင်လျက်ရှိသည်။

 

သံတမန်ရေးအောင်မြင်မှုအဖြစ် ဂိုလန်ကုန်းမြင့်ကို အစ္စရေး၏ အချုပ်အခြာအာဏာပိုင်ရေးအတွက် အသိအမှတ်ပြုရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်ဖြင့် နေတန်ရာဟုက မဲဆွယ်နေသည်။

 

အခြားတစ်ဖက်တွင်လည်း ဂန့်သည် နေတန်ရာဟူး၏ အကျင့်ပျက်ခြစားမှုကို ပေါ်လွင်အောင် ပြုလုပ်ပြီး မဲဆန္ဒရှင်များကိုမဲဆွယ်ရန် ကြိုးစားလျက်ရှိနေသည်။

 

ဂျေရုဆလင်မြို့ကို အမေရိကန်သံရုံး ပြောင်းရွေ့ဖွင့်လှစ်ခြင်းသည် ၎င်း၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

 

ဂန့်က ပါလက်စတိုင်းတို့နှင့် ငြိမ်းချမ်းရေးပြန်လည်ဆွေးနွေးရန် စိတ်အားထက်သန်မှုကို ပြသလျက်ရှိသည်။ ဝန်ကြီးချုပ် နေတန်ရာဟုနှင့် ပါလက်စတိုင်းတို့ကြား ဆွေးနွေးမှုများမှာ ရပ်တန့်နေဆဲဖြစ်သည်။

 

မဲရေတွက်မှုကို ယင်းနေ့မှာပင် ဆောင်ရွက်မည်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်က အစ္စရေးနိုင်ငံ၏ ပါလက်စ တိုင်းနှင့်ဆက်ဆံရေးအပြင် ဒေသတွင် အခြားကိစ္စရပ်များအပေါ် သက်ရောက်ဖွယ်ရှိနေသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

1