အထက-တကူတွင် စောင့်ကြည်လူနာ ၂၇  ဦးအား ဆက်လက်စောင့်ကြည့်

တနင်္သာရီ  ၆  ဧပြီ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာ စံပြတိုက်နယ်ဆေးရုံနယ်မြေတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးအဖြစ် ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်လည် ရောက်ရှိသူများ၊ ခရီးသွားပြည်သူများ(၂၉)ဦးအား (Community Based Facility Quarantline) ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် (Facility quranantine Centre)ကို အထက-တကူကျောင်းဆောင်တွင် (၂၀-၃-၂၀၂၀) ရက်နေ့မှစတင်၍ အသွားအလာကန့်သတ်နေရာအဖြစ် (၁၄)ရက် ထားရှိခဲ့သည်။

၎င်းတို့ကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသဖြင့် စောင့်ကြည့်ပြည်သူ(၂)ဦးအား ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းမှစ၍ တကူစံပြတိုက်နယ် ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၏ ထောက်ခံချက်လက်မှတ်ဖြင့် ၎င်းတို့၏မိသားစုထံ ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)