မင်းတပ်  ၄  ဒီဇင်ဘာ 

 

ချင်းပြည်နယ် မင်းတပ်မြို့အထက(၂) ကျောင်းသားဟောင်းများမှ ဦးဆောင်ကျင်းပသော အထက(၂) ခေါမ်ခွီးပန်း၏ နှစ်(၅၀) ပြည့် ရွှေရတု အထိမ်းအမှတ်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၇ ရက်နေ့တွင် အဆိုပါ ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

ယင်းနေ့တွင် အထက(၂) ခေါမ်ခွီးပန်း ကျောင်းဖွင့်လှစ်သည့်နှစ်(၅၀) ပြည့်ရွှေရတုအထိမ်းအမှတ် ကျောက်စာတိုင်နှင့် မုခ်ဦးဖွင့်ပွဲကို လည်းကောင်း၊ အလွတ်တန်း ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်နှင့် စစ်တုရင် ဖိတ်ခေါ်ဖလားပြိုင်ပွဲတို့တွင် ဆုရရှိသည့် အသင်းများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ညပိုင်းတွင် စတိတ်ရှိုးပွဲ ကျင်းပပြုလုပ်မည် ဖြစ်၍ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

ခွီရှိန်း(ခရိုင်ပြန်/ဆက်)