နေပြည်တော် ဇွန် ၁၅
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ မူလတန်းဆောင်နှင့် ပင်မဆောင်ကြား မြေကွက်လပ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့် အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ နေပြည်တော် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် မဟော်ဂနီ၊ ပိတောက်၊ သစ်ယာ၊ ကျွန်းရွှေဝါ စသည့် နှစ်ရှည်ပင် ၃၀၀ တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)