အင်္ဂပူ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ငုရွှေဝါလမ်းရှိ အ.ထ.က(အင်္ဂပူ) ကျောင်းတွင် ယနေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က လျှပ်စစ်မီးပလတ်ခုံမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး အခြားစာသင်ခန်းများသို့ မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၆ စီး၊ စက်ယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အ.ထ.က(အင်္ဂပူ) စာသင်ခန်း ၁၇ ခန်း၊ ဘုရားခန်း ၁ ခန်း၊ ကွန်ပျုတာခန်း ၁ ခန်း၊ Language Lab ၁ ခန်း၊ ရုံးခန်း ၁ ခန်း၊ သိပ္ပံခန်း ၂ ခန်း၊ နားနေခန်း ၁ ခန်း၊ စတိုခန်း၂ ခန်းတို့ မီးလောင်ဆုံရှုံးခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းခေါ်ချိန်မပျက် ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)