မိုင်းခတ် ၁၅ ဇူလိုင်  


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်း ဦးဆောင်သောအဖွဲ့သည် ကျောင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအဖြစ် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသခြင်း လုပ်ငန်းကို  ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ရာသီတုပ်ကွေး ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားပါက ဆောင်ရွက်ရမည်များကို သရုပ်ပြရှင်းလင်း ပြောကြားခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN