မကွေး ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ အမှတ် - ၆ ရပ်ကွက်ရှိ တောင်သူများအနေဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းသီးနှံများကိုလည်း စုစုပေါင်း ဧက ၃၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စတင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဘုံခုနစ်ဆင့် ပဲတီစိမ်း(အကြီးမျိုး) များကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးခြောက်ပြည်ခန့် ကုန်ကျကြောင်း၊ ပဲတီစိမ်း စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစုစရိတ်၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃၅၀၀၀၀ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀-၁၁ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မကွေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်းအထွက်နှုန်း ပိုမိုထွက်ရှိသည့်အပြင် ဈေးနှုန်းကောင်းမွန်သည့်အတွက် ပဲတီစိမ်းစိုက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စီးပွား/ကူးသန်း