မင်းလှ ၁၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်၏ အနောက်ဘက်အစွန်တွင်တည်ရှိသည့် အနောက်ရိုးမ ဆင်တောင်ခြေမှ ကျေးရွာများသို့ မလွန်-မင်းလှ ပရဟိတအဖွဲ့နှင့် မကွေးမြို့နယ် စည်ဖြိုးသူဖောင်ဒေးရှင်း အဖွဲ့တို့ပူးပေါင်း၍ အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် အနွေးထည်များပေးအပ်ခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စည်ဖြိုးသူဖောင်ဒေးရှင်းအဖွဲ့ခေါင်းဆောင် ဦးစည်ဖြိုးသူထံမှ သိရသည်။
အဆိုပါ ကျန်းမာရေး ပရဟိတခရီးစဉ်များကို ဇန်နဝါရီ ၁၉ ရက်တွင် ဆင်တောင်အခြေရှိ လေးပင်၊ ပြဿာဒ်၊ ကျောင်းကုန်း ကျေးရွာ ၃ ရွာရှိ ဒေသခံများ၊ တိုင်းရင်းသားပြည်သူများ အား အခမဲ့ဆေးကုသပေးခြင်း၊ ဆောင်းရာသီ အအေးဒဏ်ခံနိုင်စေရန် အမျိုးသား(၈၁) ဦး အမျိုးသမီး(၈၁) ဦး အသက် ၅ နှစ်အောက်ကလေးငယ် ကျား(၂၉) ဦး မ( ၃၈) ဦးအား အနွးထည်များ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
၎င်းခရီးစဉ်တွင် လှည့်လည်၍ ဇန်နဝါရီလ ၂၀ ရက်တွင် ဆင်ယဉ်ကျေး ရွာဒေသခံ တိုင်းရင်းသားများကို အခမဲ့ ဆေးဝါးကုသပေးသွားမည်ဖြစ်သည်။ ဇန်နဝါရီလ ၂၁ ရက်နေ့၌ အထက်တပူကျေးရွာ၊ အောက်တပူကျေးရွာ၊ ရေရင်ကျေးရွာမှ ဒေသခံ တိုင်းရင်းသားပြည်သူများကို အခမဲ့ဆေးဝါးကုသပေးသွားမည်ဖြစ်သည်ဟု မလွန်-မင်းလှ ပရဟိတအဖွဲ့တာဝန်ခံ ဒေါက်တာရဲထွန်းဇော် ကဆိုသည်။
ဇွဲထက်ရှင်