အထက်မင်းလှ မေ ၂၉

 

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းသီးနှံကို ငါးဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ဖူးစားပြောင်းသီးနှံကို မေလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီးနှစ်လခွဲခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် ဖူးစားပြောင်းစီး(အဖြူ) မျိုးများကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ရှစ်ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ခုနစ်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၁၇၀၀၀ ခန့်ထွက်ရှိခဲ့ပြီး အမြတ်များရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ပြောင်းဖူးဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ပြောင်းဖူးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းသိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း