ကြို့ပင်ကောက်  ၁ မတ်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အထက(ပန်းတင်)အမျိုးသား ကျောင်းတော်ကြီး ၏ ရာပြည့်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အထက(ပန်းတင်) ကျောင်းမင်းခေါင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် ရာပြည့်ပွဲတော်ကျင်းပပြုလုပ်မည့်ရက်၊ ပွဲတော်အတွက် ရန်ပုံငွေရှာဖွေနိုင်ရေး၊ ပွဲတော် အတွင်း ကလေးစာပေပွဲတော် ကျင်းပပြုလုပ်နိုင်ရေး၊ စာပေဟောပြောပွဲများ၊ ဈေးရောင်ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသော ကျောင်းသားဟောင်းများအနေဖြင့် ပျော်ရွှင်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က ပြောသည်။

 

အထက(ပန်းတင်)အမျိုးသာကျောင်း ရာပြည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေများထည့်ဝင် လှူဒါန်း လိုပါက ဒေါက်တာတင်ဝင်းအောင် ၀၉-၄၂၉၃၃၂၂၂၆၊ ဦးကျော်ဝင်း ၀၉-၂၅၀၂၂၉၈၆၅၊ ကိုခင်မောင်လင်း ၀၉-၅၃၇၄၂၅၉၊ ကိုထွန်းလင်းနိုင် ၀၉-၄၂၃၆၇၆၇၆၁၊ ကိုလင်းဇော်ဝင်း ၀၉-၄၂၂၄၈၆၅၄၉၊ ကိုအောင်ကိုမင်း ၀၉-၅၃၇၄၁၆၉ နှင့် ကမ္ဘောဇဘဏ်အကောင့်အမှတ် 08630208600020501 တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)