ရန်ကုန် ၁၆  သြဂုတ် 

ရန်ကုန်မြို့ Junction City (JCGV) ရုပ်ရှင်ရုံ၌ သြဂုတ် ၁၅ ရက် ည ၇ နာရီ တွင်  Lucky Smile ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သည့် “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ပြသခဲ့သည်။

“အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားမှာ ရွှန်းရမီမိုး၏ ဝတ္တုကို ဇာတ်ညွှန်း မိုးနီလွင်က ပုံဖော်ထားပြီး ဒါရိုက်တာနေပိုင်က အကယ်ဒမီ နေတိုး၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊ အကယ်ဒမီမြတ်ကေသီအောင်၊ အကယ်ဒမီစိုးမိုးကြည်၊ ပိုးအိအိခန့် နှင့် ဇာတ်ပို့၊ ဇာတ်ရံများစွာဖြင့် ရိုက်ကူးထားကြောင်းသိရသည်။

ယင်း ရုပ်ရှင်ဇာတ်ကားကို မန္တလေး၊ ပုပ္ပါး၊ စစ်ကိုင်းနှင့် အနီးတစ်ဝိုက်ရှိ သပြေ တန်းရွာ၊ ကုက္ကိုစု ရွာတို့တွင် သွားရောက်ရိုက်ကူးထားခြင်းဖြစ်ပြီး  ကိုယ်ကျင့်တရား သီလ၊ သိက္ခာတို့နှင့် ပြည့်စုံစောင့်ထိန်းသူသာလျှင် တကယ့်အထက်တန်းစား မြင့်မြတ်သော လူသားဖြစ်ကြောင်း ပညာပေးထားသည့် ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၂၂ ရက်တွင် တစ်နိုင်ငံလုံး အဆင့်မြင့် ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်