နေပြည်တော် မေ ၂၆

 

အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့် တာဝန်ခံလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိခရိုင်တရားရုံး ရုံးခန်းအမှတ်(၂)၌ ကျင်းရာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင်နှင့် ဒေါ်ပြုံးပြုံးအေး၊ အလုပ်သင်ရှေ့နေ ၁၁၃ ဦးတို့ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးသောင်းနိုင်က အမှာစကားပြောကြားကာ တက်ရောက်လာသည့် အလုပ်သင်ရှေ့နေ ၁၁၃ ဦးတို့အား အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့် တာဝန်ခံလက်မှတ်များပေးအပ်ပြီး လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။

 

လက်မှတ် လက်ခံရယူမည့်သူများကို ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက “ရှေ့နေကျင့်ဝတ် သိက္ခာနှင့် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်