၁ ဇူလိုင်

 


ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ ပြီး ၁၉၃၆ ၊ ၁၉၃၈ ခုနှစ် ကာလများတွင် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊  ကိုဗဟိန်း၊  ကိုဗဆွေ  စသည့် ပညာတတ် ကျောင်းသားများ    မြကျွန်းညိုညို        ရန်ကုန်တက္ကသိုလ်မှ ပေါ်ထွက်ခဲ့ပြီး နိုင်ငံရေးပါတီများ၊ ပြည်သူ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံ့လွတ်လပ်ရေးကို ဆောင်ကြဉ်းရယူပေးခဲ့သည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ  ၁၉၅၀  ကျော်နှစ်များတွင်မူ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သတင်းသည် အရှေ့တောင် အာရှနိုင်ငံများအကြားတွင်ပါ      အထူးရေပန်းစားလာခဲ့ပြီး ဒေသတွင်းနိုင်ငံများမှ  ကျောင်းသား  ကျောင်းသူများသည် ၎င်းတို့၏ ဘဝရည်မှန်းချက်အတွက် ရန်ကုန်တက္ကသိုလ်သို့ တကူးတက  လာရောက်ပညာရှာမှီးခဲ့ကြရသည်။

 

ထို့နောက်  ၁၉၆၄  ခုနှစ်တွင်  ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ယခုအချိန်ထိ  ရန်ကုန် တက္ကသိုလ်ဟု အမည်တွင်ခဲ့သည်။

 

၂၀၁၃ ခုနှစ်မှာ ဘွဲ့ကြိုသင်တန်းတွေ ပြန်လည်လက်ခံ


ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းကြောင်းနှင့် လက်ခံသင်ကြားပို့ချလျက်ရှိသည့်  ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရန်ကုန်တက္ကသိုလ်    ပါမောက္ခချုပ်    ဒေါက်တာဖိုးကောင်းက  “ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး    ၂၀၂၀    ပြည့်နှစ်ဆိုရင်    ရန်ကုန်တက္ကသိုလ်  နှစ်  ၁၀ဝ ပြည့်ပါပြီ။ ဘွဲ့ ကြိုသင်တန်းတွေကို ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်ကတည်းက ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၀ အလွန်လောက်မှာ    အကြောင်းအမျိုးမျိုးကြောင့်    ဘွဲ့ ကြို သင်တန်းတွေ   ရပ်ဆိုင်းခဲ့ပါတယ်။  နောက် ၂၀၁၃ ခုနှစ်မှာ ဘွဲ့ကြိုသင်တန်းတွေကို  စတင်ပြီး ပြန်လည်လက်ခံပါတယ်။ အခုဆိုရင် တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့သူတွေကို ၂၀၁၉-၂၀၂၀  ပညာသင်နှစ်အတွက် လက်ခံတော့မှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဘာသာရပ်ဌာနပေါင်း    ၂၀  ရှိပါတယ်။ ဘာသာရပ်  ရှစ်ခုက  သိပ္ပံဘာသာရပ်ဖြစ်ပါတယ်။  ကျန်တဲ့ဘာသာရပ် ၁၂ ခုကတော့ ဝိဇ္ဇာဘာသာရပ်တွေဖြစ်ပါတယ်။ သို့သော်လည်း တချို့ ဌာနတွေအနေနဲ့ တိုးချဲ့ ပြီးသင်ကြားနေတဲ့ ဘာသာရပ်တွေလည်းရှိပါတယ်။   တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေအတွက် ဘာသာရပ်ပေါင်း ၂၆ ခုကို လက်ခံ သွားမှာဖြစ်ပါတယ်။    အမှတ်နဲ့ခွဲထားပြီး    တက္ကသိုလ်ဝင်ခွင့် လမ်းòန်စာအုပ်မှာ ဖော်ပြထားပါတယ်။

 

“လူ့စွမ်းအား အရင်းအမြစ်  အစီအစဉ်နဲ့  ဖွင့်တဲ့သင်တန်းတွေလည်းရှိပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ   လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ ဖြိုးမှုအစီအစဉ်အရ    နိုင်ငံတကာဆက်ဆံ ရေးပညာ ဒီပလိုမာသင်တန်း(DIR)၊ နိုင်ငံရေးသိပ္ပံ ဒီပလိုမာ သင်တန်း (DPS)၊ အလှကုန်လုပ်ငန်းအတတ်ပညာသင်တန်း၊ Certificate in Food Technology ၊ ဘွဲ့လွန် ကွန်ပျူတာ ဒီပလိုမာသင်တန်း (DCS)၊  ဘွဲ့လွန် ကွန်ပျူတာဒီပလိုမာ သင်တန်း   (PDCS)၊ ဘွဲ့လွန် ကွန်ပျူတာဒီပလိုမာ သင်တန်း(ဏွီဃဗ)၊  မြန်မာနိုင်ငံ    သမိုင်းနှင့်ယဉ်ကျေးမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း (PGDCA)၊    မျက်မှောက်ခေတ် မြန်မာ့ရေးရာ    ဒီပလိုမာ (PGDCMS)၊  အရှေ့တိုင်းပညာ ဒီပလိုမာသင်တန်း (DOS)၊  စီးပွားရေးလုပ်ငန်း      ဥပဒေ ဒီပလိုမာသင်တန်း (DBL)၊  အပြည်ပြည်ဆိုင်ရာ      ဥပဒေ ဒီပလိုမာသင်တန်း(DIL)၊    ပင်လယ်ရေကြောင်း    ဥပဒေ ဒီပလိုမာသင်တန်း(DML)၊  Diploma in Intellectual Property Law (DIPL) Post Graduate Diploma in Environmental Studies  ၊  GIS  ၊ Diploma in Myanmar Language Proficiency for Foreigners (DMLPF)၊  စာပေဖန်တီးရေးသားမှုနှင့်  တည်းဖြတ်မှု အတတ်ပညာဒီပလိုမာသင်တန်း (DCWE)၊ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်း (DGI)၊ အသုံးချ ဒဿနပညာ ဒီပလိုမာ (PGDA Phil)၊  မဟာဘွဲ့တွေကိုလည်း    ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှာ     Computer Science၊ စီးပွားရေးလုပ်ငန်း  ဥပဒေပညာမဟာသင်တန်း (MBL)၊ Basic Myanmar Language  သင်တန်းတွေကိုလည်း နိုင်ငံခြားသားတွေအတွက်    ဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။ အင်္ဂလိပ်ဘာသာစကား    အမျိုးသားဗဟိုဌာနနဲ့    ရန်ကုန်တက္ကသိုလ်    အင်္ဂလိပ်စာဌာနတို့      ပူးပေါင်းပြီး      Global English Courseကိုလည်း  ဖွင့်လှစ်ပေးလျက်ရှိပါတယ်”ဟု  ပြောသည်။

 

အရှေ့တောင်အာရှ နိုင်ငံတွေကို စေလွှတ်


နိုင်ငံခြားပညာသင်စေလွှတ်မှုနှင့် အလုပ်အကိုင်အခွင့် အလမ်းရရှိမှုအခြေအနေများနှင့်    စပ်လျဉ်း၍လည်း  “ဘွဲ့ ကြိုသင်တန်းတွေ  အများဆုံးစေလွှတ်တာကတော့ EU (ဥရောပ သမဂ္ဂ) ထောက်ပံ့တဲ့ EU Share  ဆိုတာရှိပါတယ်။ အဲဒီကျောင်းသားဖလှယ်ရေး အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်က  ကျောင်းသားတွေကို    အရှေ့တောင်အာရှနိုင်ငံတွေကို စေလွှတ်တယ်။ ဥရောပနိုင်ငံတွေက တက္ကသိုလ်အချို့ကိုလည်း စေလွှတ်ပါတယ်။ အပြန်အလှန်အနေနဲ့ အရှေ့တောင်အာရှနိုင်ငံ တက္ကသိုလ်တွေက ကျောင်းသား    ကျောင်းသူတွေကိုလည်း ပြန်လည်လက်ခံတယ်။  ဘွဲ့လွန်သင်တန်းတွေက  အများကြီး စေလွှတ်ပါတယ်။      အဓိကကတော့    အာဆီယံတက္ကသိုလ် ကွန်ရက် AUN)အောက်မှာရှိတဲ့   AUN/SEED-Net တစ်ခုပါ။  ပါရဂူသင်တန်း၊    မဟာဘွဲ့သင်တန်းတွေ၊    ဘွဲ့လွန် သင်တန်းတွေကို ဂျပန်နိုင်ငံ၊ အရှေ့တောင်အာရှ နိုင်ငံတွေကို စေလွှတ်ပါတယ်။

 

“ရန်ကုန်တက္ကသိုလ်က တချို့ဘာသာရပ်တွေက အလုပ်အကိုင်အခွင့်အလမ်းရဖို့ တိုက်ရိုက်အထောက်အကူပြုပါတယ်။ တချို့ကတော့ တိုက်ရိုက်တော့ မဟုတ်ဘူး။ သွယ်ဝိုက်အထောက်အကူပြုပါတယ်။    ဥပမာ    တိုက်ရိုက် အထောက်အကူပြုတာဆိုရင်  ဥပဒေဘာသာရပ်က မွေးထုတ်ပေးတဲ့  ဘွဲ့ရတွေက  ဥပဒေနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို  လုပ်ကိုင်နိုင်ပါတယ်။ ထို့အတူ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာ သိပ္ပံဌာနတို့ဆိုရင် မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရတွေဟာ ဓာတုဗေဒလုပ်ငန်းတွေ၊ IT နဲ့ပတ်သက်တဲ့၊ သတင်းအချက် အလက်၊ နည်းပညာနဲ့ပတ်သက်တဲ့        လုပ်ငန်းတွေမှာ ကျောင်းသားတွေအနေနဲ့  အလုပ်အကိုင်  အခွင့်အလမ်းရရှိပါတယ်။    သွယ်ဝိုက်အထောက်အကူပြုတာကတော့  ရန်ကုန် တက္ကသိုလ်က မွေးထုတ်လိုက်တဲ့ ကျောင်းသားတွေက   မြန်မာ စာဆိုရင်လည်း   မြန်မာစာနဲ့ နှီးနွှယ်နေတဲ့ အလုပ်အကိုင်တွေ ရပါတယ်။ အင်္ဂလိပ်စာဆိုရင်လည်း ပုဂ္ဂလိကကျောင်းတွေမှာ အင်္ဂလိပ်စာ ဆရာတွေဖြစ်ကြတယ်။  အသုံးချစိတ်ပညာဆိုလည်း အသုံးဝင်တဲ့      ဘာသာရပ်ပါ။  တိုက်ရိုက်တော့မဟုတ်ဘူး၊ သွယ်ဝိုက်ပြီးတော့ အကျိုးပြုနေတယ်၊ အလုပ်အကိုင် အခွင့် အလမ်းတွေရရှိနေပါတယ်။ နောက်တစ်ခုက ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က ထူးချွန်တဲ့ ကျောင်းသားတွေကို ပထမအဆင့်အနေနဲ့ အချိန်ပိုင်းသရုပ်ပြ၊ နည်းပြအနေနဲ့ ခန့်ပေးထားတာရှိ တယ်”ဟု ပါမောက္ခချုပ်က ပြောသည်။

 

လူတွေ့ နှုတ်ဖြေစာမေးပွဲရှိ 


ရန်ကုန်တက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်၍ ပါမောက္ခချုပ်က ဆက်လက်ပြောကြားရာတွင် “ဘာသာရပ်  နှစ်ခုရှိပါတယ်။ ရိုးရိုးတန်းက ၄ နှစ်ပါ။ ဒုတိယနှစ်ပြီးရင်  ရိုးရိုးတန်းနဲ့ ဂုဏ်ထူး တန်းကို ခွဲပါတယ်။ ရိုးရိုးတန်းကို တက်မယ့်သူတွေက နောက်ထပ်နှစ်နှစ်  ဆက်တက်ရပါတယ်။ စုစုပေါင်း လေးနှစ်ပါ။ ဂုဏ်ထူးတန်းကိုတက်မယ့် လူတွေက  နောက်ထပ်  သုံးနှစ် ထပ်တက်ရတော့ စုစုပေါင်း ၅ နှစ်ကြာပါတယ်။   ရန်ကုန်မြို့ နယ်နိမိတ်    ပြင်ပ      ကျောင်းသား  ကျောင်းသူတိုင်းအတွက် အဆောင်စီစဉ်ပေးပါတယ်။  ရန်ကုန်တက္ကသိုလ်က  လူတွေ့ နှုတ်ဖြေ ဖြေရမယ့် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်    ဦးစားပေးသီးသန့်   လျှောက်ထားတဲ့ သူတွေအတွက် လူတွေ့ နှုတ်ဖြေစာမေးပွဲရှိပါတယ်။  တက္ကသိုလ်ဝင်တန်းမှာ ရခဲ့တဲ့အမှတ်တွေ သတ်မှတ်ထားတဲ့ အရည်အချင်း ကိုက်ညီမယ်ဆိုရင် လူတွေ့ နှုတ်ဖြေ ဖြေရမယ်။ လူတွေ့ နှုတ်ဖြေ ဖြေပြီးတော့မှ    ရန်ကုန်တက္ကသိုလ်က    လက်ခံနိုင်တဲ့    ဦးရေအတွင်းမှာ လက်ခံသွားမှာဖြစ်ပါတယ်။

 

“ရန်ကုန်တက္ကသိုလ်က စုစုပေါင်း ၂၁၃၀ လက်ခံဖို့ရှိပါတယ်။ မေဂျာအားလုံးပေါင်းပါ။   တစ်ခုနဲ့တစ်ခုတော့မတူပါဘူး။ တချို့ဘာသာရပ်တွေကတော့      များများလက်ခံနိုင်တယ်။ သူတို့ရဲ့ ဆရာ ဆရာမဦးရေ သင်ကြားနိုင်တဲ့အပေါ် မူတည်ပြီးတော့ များများလက်ခံနိုင်တာရှိတယ်။ တချို့ကလည်း နည်းနည်း လက်ခံတယ်။ ဘာသာရပ်တစ်ခုကို ပျမ်းမျှအနေနဲ့ ၈၀ လောက် လက်ခံပါတယ်။  ဝင်ခွင့်လမ်းညွှန်ကတော့  ထုတ်ပြီးသားပါ။  ဝင်ခွင့်လမ်းညွှန်ကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က  သက်ဆိုင်ရာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စင်တာတွေကို ထုတ်ပေးပြီးဖြစ်ပါတယ်။    တက္ကသိုလ်ဝင်ခွင့်နဲ့      ပတ်သက်တာရော၊ နောက်ရန်ကုန်တက္ကသိုလ်အကြောင်းရော www.uy.edu.mm မှာ ကြည့်လို့ရပါတယ်။ ရန်ကုန်တက္ကသိုလ်က မကြာခင် နှစ်၁၀ဝ  ပြည့်  တော့မှာပါ။    ရန်ကုန်တက္ကသိုလ်ကို ရုပ်ပိုင်းဆိုင်ရာရော၊    ပညာရေးပိုင်းဆိုင်ရာရော          အဆင့်မြှင့်တင် ဆောင်ရွက်နေပါတယ်။ ကျောင်းသား ကျောင်းသူဟောင်းတွေ ရော၊ မိဘဆရာတွေရော၊ ယခုလက်ရှိ ကျောင်းသား ကျောင်းသူတွေရော အားလုံးဝိုင်းဝန်း ဆောင်ရွက်ဖို့လိုပါတယ်။ ဝိုင်းဝန်း ပူးပေါင်းဖို့  မေတ္တာရပ်ခံလိုပါတယ်။  ဝိုင်းဝန်းပူးပေါင်းတဲ့အခါ  လူအား၊  ကာယအား၊  ဉာဏအား၊  ငွေအားအကုန်လုံးကို   ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဆိုသည်။

 

အားကစားသမားများစွာ မွေးထုတ်ပေး


ရန်ကုန်တက္ကသိုလ်သည်  နိုင်ငံ့ခေါင်းဆောင်များ၊  အသိပညာရှင် အတတ်ပညာရှင်များသာမက ထင်ရှားကျော်ကြားလှသော  အနုပညာရှင်များ၊  နိုင်ငံ့ဂုဏ်ဆောင်    အားကစားသမားများစွာတို့ကိုလည်း မွေးထုတ်ပေးခဲ့သည်။

 

အားကစားအသင်းအဖွဲ့လည်း ရှိ


“ရန်ကုန်တက္ကသိုလ်ရဲ့ အနုပညာအသင်းကတော့ အစဉ်အလာရှိတဲ့အသင်းပါ။ အနုပညာအသင်းမှာ ဆို၊ က၊ ရေး၊ တီး အကုန်ပါတယ်။ အနုပညာအသင်းအောက်မှာ ပန်းချီအသင်း ရှိပါတယ်။ ဒါတွေကို ကျောင်းသားဟောင်းတွေက ပံ့ပိုးပါတယ်။ ရန်ကုန်တက္ကသိုလ်အတွက် အနုပညာရှင်တွေကလည်း ပံ့ပိုးပါ တယ်။ ပန်းချီပညာရှင်တွေကလည်း လာရောက် သင်တန်းပို့ချ တာရှိတယ်။ ပန်းချီဆိုရင် သင်တန်းဆင်းပန်းချီပြပွဲ လုပ်တယ်။ နောက်တစ်ခါ ဂျပန်၊ တရုတ်တက္ကသိုလ်က ပန်းချီပညာရှင်တွေနဲ့ ပေါင်းပြီး ပြပွဲလုပ်ပါတယ်။ အလားတူ အားကစားနဲ့ပတ်သက် တဲ့ဌာနလည်းရှိပါတယ်။  အားကစားအသင်းအဖွဲ့လည်း  ရှိပါတယ်။ သူတို့ကလည်း သက်ဆိုင်ရာ  အားကစားအောင်မြင်တဲ့ သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။

 

ထူးချွန်တဲ့သူတွေကို ပညာသင်ဆုပေး


“ရန်ကုန်တက္ကသိုလ်က နိုင်ငံခြားတက္ကသိုလ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။      ရန်ကုန်တက္ကသိုလ်ဟာ အင်တာနက်ပေါ်က    Ranking အနေနဲ့   မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်ပါတယ်။  ရန်ကုန်တက္ကသိုလ်ဝင်လာတဲ့ ကျောင်းသား ကျောင်းသူတွေမှာ  တက္ကသိုလ်ဝင်တန်း ထူးချွန် အောင်လာတဲ့ ကလေးတွေရှိတယ်။ ခုဆိုရင် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် မီရဲ့သားနဲ့ မသွားဘဲ ဒီကိုလာတက်တာ ရှိပါတယ်။  အဲဒီလို    လာတက်တဲ့သူတွေဘာသာရပ်တွေမှာ ထူးချွန်တဲ့သူတွေကို နိုင်ငံတော်ကလည်း ပညာသင်ဆုပေးပါ တယ်။ ဝိဇ္ဇာထူးချွန်သူ၊ သိပ္ပံထူးချွန်သူ တစ်လကို တစ်သိန်းပေးပါတယ်။  အဲဒါလည်း  ထူးခြားပါတယ်။    ဟိုအရင်ကလည်း ရှိပါတယ်။ သိပ္ပံချွန်ဆိုတာ ရှိပါတယ်။ အခုတော့ ဝိဇ္ဇာချွန်ရော၊ သိပ္ပံထူးချွန်ရော ဘာသာရပ်အကုန်လုံးနီးပါး ကျောင်းတက်နေတဲ့ တစ်လျှောက်လုံး ချီးမြှင့်သွားမှာ  ဖြစ်ပါတယ်”ဟု ပါမောက္ခချုပ်က ပြောသည်။

 

ရန်ကုန်တက္ကသိုလ်    ပထမနှစ် ဝင်ခွင့်လျှောက်ထားသူ များသည်  ၂၀၁၉  ခုနှစ်တွင်    ကျင်းပခဲ့သည့်    တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသား ဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။ (မှတ်ပုံတင် မိတ္တူများ ပူးတွဲတင်ပြရန်)။ တက္ကသိုလ်မှ  သတ်မှတ်ထားသော စည်းကမ်းများကို  လိုက်နာနိုင်သူဖြစ်ရမည်။  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်ဒေသမှမဆို တန်းတူလျှောက်ထားနိုင်ပြီး လျှောက်ထားလိုသူများသည် ရန်ကုန်တက္ကသိုလ်သို့  တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ကာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ဦးရေ ၂၁၃၀ လက်ခံသွား မည်ဖြစ်သည်။

 

ရန်ကုန်တက္ကသိုလ်     ဝင်ခွင့်လျှောက်ထားသူသည် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်ပါ စာမျက်နှာ (၃၄)၊ အပိုဒ် (၁၆)တွင်  ရေးသားဖော်ပြထားသော   ရန်ကုန်တက္ကသိုလ် အတွက် လမ်းòန်ချက်ကို သေချာစွာ ဖတ်ရှုရန် လိုအပ်မည် ဖြစ်သည်။

 

ဆက်သွယ်မေးမြန်းနိုင်


ထို့ပြင်တက္ကသိုလ်ဝင်ခွင့်ကို  အရည်အချင်းစစ်  လူတွေ့ နှုတ်ဖြေ စာမေးပွဲဖြင့် ရွေးချယ်ဆောင်ရွက်မည်ဖြစ်ပြီး ဘူမိဗေဒ ဘာသာရပ်သို့  လျှောက်ထားသူများသည်      လူတွေ့နှုတ်ဖြေ စာမေးပွဲအပြင်  သတ်မှတ်ထားသော  စည်းမျဉ်းနှင့်အညီ  မိုင် ၂၀ လမ်းလျှောက် နိုင်ရမည်ဖြစ်သည်။ ဝေးလံခေါင်ဖျားဒေသများ မှ လျှောက်ထားသော ကျောင်းသား ကျောင်းသူများအတွက် ခွဲတမ်းကို  ဘာသာရပ်အသီးသီးတွင်  လက်ခံမည့်  ဦးရေ၏  ၂ ရာခိုင်နှုန်းထားရှိမည်ဖြစ်ကြောင်းလည်း  သိရသည်။  ရန်ကုန် တက္ကသိုလ်၌ တက်ရောက်ခွင့်ရရှိသူ အမည်စာရင်းကို www.uy.edu.mm တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ကြော်ငြာသင်ပုန်းတွင်လည်းကောင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ရန်ကုန်တက္ကသိုလ်မော်ကွန်းထိန်း (သင်တန်း) ဝ၁-၅၃၄၀၂၄၊ လက်ထောက် မော်ကွန်းထိန်း(ကျောင်းသားရေးရာ)  ဝ၁-၅၃၄၃၉၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

ရန်ကုန်တက္ကသိုလ် ဝင်ခွင့်လျှောက်ထားသူများအနေဖြင့် အပိုဒ်(၁၆)ပါ အပိုဒ်ခွဲများနှင့် ကိုက်ညီသူများကိုသာ လက်ခံ မည်ဖြစ်ပြီး  အပိုဒ်ခွဲများနှင့်ကိုက်ညီမှုမရှိသည့်  လျှောက်လွှာများကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ်သို့  လျှောက်ထားသူသည်  ရန်ကုန်တက္ကသိုလ်ရှိ ဘာသာရပ် ၂၆ ခု အနက် သုံးခုကိုသာ ဦးစားပေးလျှောက်ထားခွင့်ရှိပြီး    ဝင်ခွင့်လျှောက်လွှာပါ    ဦးစားပေး(၁)တွင်  ရန်ကုန် တက္ကသိုလ်ကို  လျှောက်ထားသူများသည်  မိမိလျှောက်ထား သော ဘာသာရပ်၏ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ဝင်ခွင့်ပုံစံကို  ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ကာ လူတွေ့ဖြေဆိုရမည်ဖြစ်ကြောင်း၊  ဘာသာရပ်ဌာနအလိုက် လူတွေ့ဖြေဆိုရမည့်ရက်နှင့် အချိန်ကိုအချိန်မီ ကြေညာပေးမည်ဖြစ်ကြောင်း၊    ဝင်ခွင့်ဖြေဆိုခွင့်ရှိသူ အမည်စာရင်းကို ဖုန်းဖြင့် အကြောင်းကြားခြင်း၊  ရန်ကုန်တက္ကသိုလ် website ဖြစ်သော www.uy.edu.mm တွင်  ကြေညာခြင်းတို့ဖြင့် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများ သတိပြုရမည့် အချက်များမှာ စာတိုက်မှတစ်ဆင့် ဝင်ခွင့်လျှောက်ထားသူများသည် အချိန်မီပေးပို့ပေးရန် လိုအပ်ကြောင်း၊ ဝင်ခွင့်ဖြေဆိုရန် အကြောင်းကြားပေးနိုင်ရေးအတွက် ဆက်သွယ်ရမည့်   ဖုန်းနံပါတ်များ  ဖြည့်စွက်ထားရန်လိုအပ်ကြောင်း၊  ဦးစားပေးတွင် ပါဝင်သူများအားလုံး လူတွေ့ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့ဖြေဆိုရန် ရက်၊ အချိန် မသိ၍ ပျက်ကွက်သူများ နောက်ဆက်တွဲ ဖြေဆိုခွင့်မရှိကြောင်း၊ ရန်ကုန်တက္ကသိုလ်ထက် အမှတ်မြင့်သော တက္ကသိုလ်များမှ    ရန်ကုန်တက္ကသိုလ်သို့    ပြောင်းရွှေ့ခွင့်မရှိ ကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ဝင်ခွင့်ရရှိသော ဘာသာရပ် များအချင်းချင်း   အမှတ်မီ၍    ပြောင်းရွှေ့လိုပါက  ရန်ကုန်တက္ကသိုလ်ပညာရေးအဖွဲ့၏  ဆုံးဖြတ်ချက်အတိုင်းဖြစ်ကြောင်း၊ အခြား ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များမှ အမှတ်မီ၍ ပြောင်းရွှေ့ခွင့် လျှောက်ထားခြင်းအား ခွင့်မပြုကြောင်း သိရသည်။

 

“ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်တော့မယ်။ ရန်ကုန်တက္ကသိုလ်ကို  ပညာရပ်ပိုင်းဆိုင်ရာရော၊  ရုပ်ပိုင်းဆိုင်ရာရော အဆင့်မြင့်ဖို့လုပ်တယ်။ ရန်ကုန်တက္ကသိုလ် သက်ဆိုင်တဲ့ ကျောင်းသား ကျောင်းသူဟောင်း၊  မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ၊ မိဘ ဆရာတွေအားလုံး ပူးပေါင်းဆောင်ရွက် ပြီး ရန်ကုန်တက္ကသိုလ် တိုးတက်ရာတိုးတက်ကြောင်း ကူညီပါလို့ မေတ္တာရပ်ခံပါတယ်။

 

“ရန်ကုန်တက္ကသိုလ်ရဲ့    ဂုဏ်သိက္ခာနဲ့အညီ    ရှေ့ဆောင်ဂုဏ်ဆောင်တက္ကသိုလ်    ဂုဏ်သိက္ခာနဲ့အညီ      တက္ကသိုလ် ကျောင်းသားတွေ    ဂုဏ်သိက္ခာထိန်းပါ။      ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ကြိုးစားပါ။ ဘာသာရပ်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်၊  ကိုယ့်တက္ကသိုလ်ကိုလည်း တိုးတက်အောင် ကူညီ ဆောင်ရွက်ကြပါ”ဟုဆိုသည့်    ရန်ကုန်တက္ကသိုလ်   ပါမောက္ခချုပ် ဦးဖိုးကောင်း၏ အမှာစကားကလည်း  အမိတက္ကသိုလ်၏ ဂုဏ်ရောင်ကို ဆက်လက်ထွန်းပြောင်စေမည့် နှိုးဆော်တိုက်တွန်း စကားဟုသာ ဆိုရပါမည်။

 

သတင်းဆောင်းပါး-ရီရီမြင့်၊ ဥမ္မာသန့်ဓာတ်ပုံ-ရဲထွဋ်

 

္စင့တနု