၃၀ မေ

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲ ရုရှားဝင်ရောက်စွပ်ဖက်မှုရှိမရှိကို လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ရောဘတ်မူလာက စုံစမ်းစစ်ဆေးနေရာ လက်ရှိသမ္မတကို အရေးယူဖို့ ကြိုးစားခဲ့ခြင်း မရှိဘူးသေးတာဟာ သမ္မတထရန့်အနေနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းရှိမရှိဆိုတာကို မပြောနိုင်ကြောင်း မနေ့က မူလာက ပြောကြားလိုက်ပါတယ်။ 

 

202

 

မနေ့က ပြောဆိုမှုဟာ အထူးစုံစမ်းရေးမှူးရဲ့ သူ့အလုပ်နဲ့ပတ်သတ်ပြီး လူထုရှေ့မှာ ပထမဦးဆုံးပြောဆိုခြင်း ဖြစ်ပါတယ်။ မူလာ က “ထရန့်ဟာ အပြစ်မရှိဘူးဆိုတာကို မပြောနိုင်တဲ့အတွက် အောက်လွတ်တော်ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အဏာနဲ့တာဝန်အရ ဒီအမှုကိုဆက်လက်လုပ်ဆောင်နိုင်ကြောင်း၊ တကယ်လို့ သမ္မတအနေနဲ့ ပြစ်မှုတစ်စုံတစ်ရာ မကျူးလွန်ဘူးလို့ ယုံကြည်ခဲ့မယ်ဆိုရင် အဲဒီလိုပြောမှာဖြစ်တယ်” လို့ သတင်းဌာနတွေကို ပြောပါတယ်။ 

အထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာ ထွက်လာပြီးနောက် သမ္မတထရန့်က “မူလာရဲ့ အစီအရင်ခံစာမှာ ဘာမှအပြောင်းအလဲမရှိတဲ့အတွက် အမေရိကန်နိုင်ငံမှာ လုံလောက်တဲ့ သက်သေမရှိရင် အဲဒီလူဟာ အပြစ်မရှိဘူး။ ဒီအမှုက ပိတ်သွားပြီ။ ကျေးဇူးတင်ပါတယ်။”လို့ တွစ်တာမှာ ရေးသားပါတယ်။ 

ဒါပေမယ့် ဒီမိုကရက် အမတ်အယ်လီစဘတ်ဝါရင် အပါအဝင် ဒီမိုကရက်အမတ်အချို့က မူလာရဲ့မှတ်ချက်စကားအရ အောက်လွတ်တော်ကို သမ္မတ နှုတ်ထွက်ပေးရန် တောင်းဆိုလိုက်ပါတယ်။ 

MDN
ကိုးကား - AFP