ပြင်ဦးလွင် ၁၀  ဒီဇင်ဘာ

 

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၉) ငါးရံ့ချောင်း  ပါရမီမြတ်ကုန်းတော်ပေါ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကိုးတောင်ပြည့် နာဂစီဝရာပဋိမာ ဆုတောင်းပြည့်နဂါးသင်္ကန်းရုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ရှားမီး အနွေးဓါတ် ပူဇော်ပွဲကို   ဒီဇင်ဘာ   ၉   ရက်   ည   ၈   နာရီတွင်   ဆရာတော်အရှင်ဝိဇ္ဇာနန္ဒ  ၊  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တောင်ကြီးမြို့ ဓလေ့မိသားစု မီးပုံးပျံအဖွဲ့တို့က ဖွင့်ပွဲမီးပုံးပျံ ၊ မီးကျည် ၊ မီးပုံးပျံငယ်များလွတ်တင်၍ စတင်ဖွင့်လှစ်ခဲ့ကြသည်။

 

08

 

ထို့နောက် မီးကျည်အပူဓါတ်အားကောင်းသော ရှားတောထင်းကို အဓိကထား၍ ၂၇ ပေအမြင့် ရှားတိုင် ပြုလုပ်ကာ တိုင်ထိပ်တွင်   မီးကျည်မီးပန်းများဖြင့်  ၉ ပေ အမြင့်  ထီးတော်သဏာန် ပြုလုပ်၍ ကုသိုလ်ရှင်များကိုယ်တိုင် ဆရာတော်နှင့် ကလောပညာရှင်အဖွဲ့ ၊တောင်ကြီးပညာရှင်အဖွဲ့တို့ ထွန်းညှိပူဇော်ခဲ့ကြသည်။

 

အဌမကြိမ်မြောက် ဗုဒ္ဓပူဇနိယ ရှားမီးအနွေးဓါတ်ပူဇော်ပွဲအား  ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်နေ့ (နတ်တော်လပြည့်နေ့)အထိ (၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး လပြည့်နေ့တွင် သံဃာတော် (၁၀၈)ပါးအား နေ့ဆွမ်းဆပ်ကပ်၍ ဆွမ်းဆန်လောင်းလှူခြင်းများ ပြုပြီး ကုသိုလ်ကောင်းမှု အစုစုအတွက် တရားတော်နာ ရေစက်သွန်းချ အမျှပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

 

မြတ်ဆုမွန်