၁၈ စက်တင်ဘာ


ဗင်နီဇွဲလားနိုင်ငံက ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် ရွမ်ဂွိုက်ဒို ကို ကြားဖြတ်အစိုးရဲ့ သမ္မတအဖြစ် နောင်ကျင်းပမယ့် ရွေးကောက်ပွဲအထိ တာဝန်ယူပေးရန် လွှတ်တော်က အင်္ဂါနေ့က တင်မြှောက်လိုက်ပါတယ်။ 


သမ္မတ နီကိုလာ မာဒူရို နဲ့ အတိုက်ခံပါတီငယ်တွေ တွေ့ဆုံဆွေးနွေးပြီး တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရန်အတွက် သဘောတူညီချက်ရပြီး နောက်တစ်ရက်မှာ အခုလို အပြောင်းအလဲတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 


ကြားဖြတ်သမ္မတ ဂွိုက်ဒိုရဲ့ လက်ထောက်ဖြစ်တဲ့ လွှတ်တော်အမတ် အက်ဂါ ဇမ်ဘရမ်နိုကိုလည်း ဒီကနေ့ အကျဉ်းထောင်ကနေ လွှတ်မြောက်ပေးခဲ့ပါတယ်။ ဇမ်ဘရမ်နိုကို ဧပြီ ၃၀ ရက်နေ့က နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 


ဗဟိုတရားရုံးက ဇမ်ဘရမ်နိုကို စတင်လွှတ်ပေးတယ်။ နောက်ထပ်ဖမ်းဆီးထားတဲ့ အတိုက်အခံတွေရဲ့ အမှုတွေကို ပြန်လည်စစ်ဆေးမယ်လို့ တရားစွဲဆိုသူ ဗိုလ်မှူး တာရက် ဝီလီယမ် ဆပ် က ကတိပေး ပြောကြားပါတယ်။ 


အခုလို ဗင်နီဇွဲလား နိုင်ငံရေး အပြောင်းအလဲတွေအပေါ် အမေရိကန်နိုင်ငံက ဒီမိုကရေစီ ရရှိရေး လှုပ်ရှားသူတွေရဲ့ ခိုင်မာတဲ့ အင်အားနဲ့ ညီညွှတ်မှုကြောင့်ဖြစ်လို့ ပြောဆိုပြီး ကြိုဆိုလိုက်ပါတယ်။ 


ဂွိုက်ဒိုကို အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ထောက်ခံမှု ပေးထားပါတယ်။ ဂွိုက်ဒိုဟာ ဇန်နဝါရီ ၅ ရက်နေ့မှာ သူ့ရဲ့ သမ္မတအဖြစ် တာဝန်ယူမှု ပြီးဆုံးပြီး ရွေးကောက်ပွဲအနိုင်ရတဲ့ အစိုးရက ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။ 


MDN
ကိုးကား - AFP