mdn

ရေတာရှည် ၁၇ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ဆေးရုံတွင် အသုံးပြုနိုင်ရန် ငွေကျပ် ၆၇၀၅၀၀ တန်ဖိုးရှိ YOUWELL 7F-5W Oxygen Concentrator တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း() တောင်ငူ လက်ထောက်ညွှန်ကြားရေးမှူး()ရုံး ဝန်ထမ်းမိသားစုမှ Covid-19 ကာလအတွင်း နိုင်ငံတော်မှပေးအပ်သည့် အတိုးမဲ့ ၂ လစာချေးငွေများထဲမှ တတ်စွမ်းသရွှေ့ စုပေါင်း၍ အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီခွဲတွင် လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

အသက်ရှူအထောက်အကူပြု စက်နှင့် ဆက်စပ်ပစ္စည်းများ၊ Covid-19 ရောဂါ ကာကွယ်ရေးပစ္စည်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်လင်းမှ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ နန္ဒာညီဆွေက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားသည်။

 

ကိုလွင်(ဆွာ)