နေပြည်တော် ၆ မတ်
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၄)မှ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကျိုက်မရော - စံပယ်ဂူ - ကော့ပနော လမ်းပေါ်ရှိ အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတားအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် RP1နှင့် RP2 ကြားတွင် Temporary Support များ(၄)တိုင် စိုက်သွင်း၍ ပင်မတံတား သံဘောင်တပ်ဆင် ခြင်းလုပ်ငန်းကို တန်(၂၀ဝ၀) Working Barge များ Z – Craft များ အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား၊ ပင်မတံတား သံဘောင်တပ်ဆင်ခြင်း လုပ်ငန်း အား အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် မတ် ၁၅ ရက်မှ ဇွန် ၁၅ ရက်အထိ အတ္ထရံမြစ်ကူး( စံပယ်ဂူ )တံတား၊ စီမံကိန်းဧရိယာအတွင်း ကုန်တင်သင်္ဘောကြီးများ၊ လှေသင်္ဘောများ၊ မော်တော်များ ဖြတ်သန်းသွားလာခြင်းအား ကန့်သတ်ပိတ်ထားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေလမ်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
(သတင်းစဉ်)


