ရန်ကုန် ၂၈ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ မြန်မာ မာရှယ်အက် Group ကုမ္ပဏီလီမိတက် ကြီးမှူးကျင်းပသည့် အဋ္ဌမအကြိမ Air KBZ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ (၅)နိုင်ငံ စိန်ခေါ်ပွဲ ကြီးကို ရန်ကုန်မြို့ သိမ်ဖြူ အားကစားရုံတွင် နိုဝင်ဘာ(၃)ရက်၊ နေ့လယ်(၂)နာရီတွင် ကျင်းပမည် ဖြစ်သည်။
ယှဉ်ပြိုင်မည့်တွဲဆိုင်းများမှာ-
တူးတူး(မြန်မာ) နှင့် တိုခဲရှီ(ဂျပန်)
စိုးလင်းဦး (ဒို့ရိုးရာ-မြန်မာ) နှင့် ရာမာဉ် (ရွှေဒေါပုံ-မြန်မာ)
စောရွှေလေး(မြန်မာ) နှင့် ချက်တာပင်(ထိုင်း)
ရဲသွေးနီ (တောင်ကလေး-မြန်မာ) နှင့် အောက်ချင်းလေး (တောင်ဇလပ်-မြန်မာ)
စောဒါဝိတ်(တောင်ကလေး-မြန်မာ) နှင့် နိုင်ဝင်းထွန်း (ရာမညအားမာန်-မြန်မာ)
ဘရောနီကာ(မြန်မာ) နှင့် ပိရိယပ်(အီတလီ)
သိုင်းပြောင်းပြန်နှင့် ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲအဖြစ် အောက်ပါတွဲဆိုင်း ပါဝင်ဖြစ်မည်။
မှော်ဘီဇာမဏီ (သိုင်းပြောင်းပြန်) မြန်မာ နှင့် စောနီကိုး (ရိုးရာလက်ဝှေ့) ဂျာမနီ တို့ ပါဝင်ထိုးသတ်မည်ဟု သိရှိရသည်။အဆိုပါ Air KBZ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နှစ်စဉ်(၁)နှစ်တစ်ကြိမ် ကျင်းပလာရာ ယခု(၆)ကြိမ်မြောက် ရှိပြီဟု သိရှိရသည်။ ဝင်ခွင့်လက်မှတ် တန်ဖိုးမှာ ကျပ်(၃)သောင်း ကျပ်(၂)သောင်း ကျပ်(၁)သောင်း ဖြစ်သည်ဟု သိရှိရသည်။
လက်မှတ်များကို ဖုန်း 01-557787 ကို ဆက်သွယ်ဝယ်ယူနိုင်သည်ဟု သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)