နေပြည်တော် နိုဝင်ဘာ ၁
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးကို ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၃၊ ၄၊ ၅၊ ၆) ရက်၊ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်) တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် တန်ဆောင်မုန်းလပြည့်ကျော် (၇၊ ၈) ရက်၊(နိုဝင်ဘာလ ၂၂၊ ၂၃ ရက်) သောကြာ၊ စနေနေ့များတွင် အဋ္ဌာရသမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် တန်ဆောင်မုန်းလပြည့်ကျော် (၂) ရက်၊(နိုဝင်ဘာ ၁၇ ရက်)၊ တနင်္ဂနွေနေ့အ‌ရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။
ပင့်လျှောက်စာများ အချိန်မီ မရောက်ရှိပါကလည်း အဆိုပါနေ့ရက်များအတိုင်း ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက် အပ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်