နေပြည်တော်၊ ၁၀ ဇွန်
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးကို ၁၃၈၃ ခုနှစ်၊ဝါဆိုလဆန်း ၃၊ ၄၊ ၅၊ ၆ ရက် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက် တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၇၊ ၈ ရက် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၅၊ ၁၆ ရက်တို့တွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်ကြီးများအား ၁၃၈၃ ခုနှစ်၊ ဝါဆို လဆန်း ၂ ရက် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၀ ရက် အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထား ပြီးဖြစ်သည်။
ပင့်လျှောက်စာများ အချိန်မီ မရောက်ရှိပါကလည်း အဆိုပါနေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက် အပ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)


