အတ္တလန္တိတ်သမုဒ္ဒရာကို စည်ပိုင်းတစ်လုံးနဲ့ ဒီရေအတက်အကျကို အသုံးပြုပြီး  ကျော်ဖြတ်သူ

၂၈ မေ

အသက် ၇၂ နှစ်အရွက် ဂျင်းဂျက်ဆာဗင် ဟာ စည်ပိုင်းတစ်လုံးနဲ့   ဒီရေအတက်အကျ၊ လေကြောင်း ၊ သမုဒ္ဒရာရဲ့ ရေစီးကြောင်းကို အသုံးပြုပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ခဲ့ကြောင်းသိရပါတယ်။ ရက်ပေါင်း ၁၂၇ ရက် နဲ့ ပင်လယ်သမုဒ္ဒရာ ခရီးမိုင် ၅၈၀ဝ ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။  

 

1

 

စည်ပိုင်းက  ၁၀ ပေ ရှည်ပြီး ၇ ပေနီးပါး အကျယ်ရှိတဲ့အတွက်  ဂျင်းဂျက် နေထိုင်ဖို့အတွက် ၆ စတုရန်းပေ အကျယ်အဝန်းရှိရာ သူ့အတွက် အနည်းငယ်ကျပ်တည်းလို့ ဆိုနိုင်ပါတယ်။ ဒီခရီးစဉ်အပြီးမှာ ဂျင်းဂျက်က ကိုယ်အလေးချိန်  ၉ ပေါင် ကျသွားကြောင်း သိရပါတယ်။

 

2

 

ဂျင်းဂျက်က ဒီဇင်ဘာလ ၂၆ ရက်နေ့က ခရီးစဉ်ကို စတင်ခဲ့ပြီး ဧပြီ ၂၇ မှာ ကရစ်ဘီယံကမ်းခြေအရောက် သူ့ခရီးစဉ်အောင်မြင် ကြေငြာပါတယ်။ 

 

3

 

ဂျင်းဂျက်က သူ့ခရီးစဉ်အတွင်းမှာ အစာခြောက်တွေကို အဓိကစားသုံးခဲ့ပေမယ့် တခါတရံ ငါးဖမ်းစားခဲ့ကြောင်း ၊ သူနဲ့အတူ လိုက်ပါတဲ့ သင်္ဘောက ပေးတဲ့ အစာကို စားသုံးပြီးနေခဲ့ပါတယ်။  ခရီးစဉ်အတွင်းမှာ လင်းပိုင်းအုပ်လိုက်တွေ၊ ငါးမျိုးစုံကို တွေ့ခဲ့ကြောင်းသိရပါတယ်။

ပင်လယ်သမုဒ္ဒရာကို  ဖြတ်သန်းစဉ် နေ့တော်တော်များများ အေးအေးဖြတ်သန်းနိုင်ခဲ့ပေမယ့် တစ်ညတော့ မုန်တိုင်းတစ်ခုအတွင်းက လှိုင်းကြမ်းလွန်းတဲ့အတွက် သူ့ရဲ့စည်ပိုင်းက  အထက်အောင် ဗြောင်းဆန်အောင် ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ 

ဒါ့ပြင်ဂျင်းဂျက်က မနက်တိုင်း သူ့ဆီကို ဆက်သွယ်လာတဲ့ အီးမေးတွေ ပြန်ဖြေတာ ၃ နာရီလောက်ကြာကြောင်း၊ နောက်တရေးအိပ်ကြောင်း၊ သူ့ရဲ့ ခရီးစဉ်အတွေ့အကြုံကို စာအုပ်ရေးကြောင်း ပြောပြပါတယ်။ ဂျင်းဂျက်ရဲ့ အတွေ့အကြုံရေးသားထားတဲ့ စာအုပ်ကိုလာမယ့် သြဂုတ်လမှာ ထုတ်ဝေဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။ 

ဂျင်းဂျက်ဟာ ဒီနှစ်နွေရာသီမှာ အင်္ဂလိပ်ရေလက်ကြားကို ရေကူးပြီးဖြတ်ကျော်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ 

တကယ်လို့ ဂျင်းဂျက်ကို ထောက်ပံ့တဲ့သူရှိရင် ပစိဖိတ်သမုဒ္ဒရာကို စည်ပိုင်းနဲ့ ဖြတ်ချင်ကြောင်း၊ အဲဒီခရီးစဉ်က ၆ လလောက်အထိ ကြာနိုင်ကြောင်း ပြောပါတယ်။ 

MDN
ကိုးကား - AFP