ကျိုက်မရော ၂ စက်တင်ဘာ   

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ထူးကဲဒီရေတက်မှုကြောင့်အနိမ့်ပိုင်း ရပ်ကွက်ရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးအချို့တွင်မြစ်ရေများဝင်ရောက်နစ်မြှပ်လျက်ရှိသည်။

 

208

 

ယနေ့နံနက်ပိုင်းထိ အတ္တရံမြစ်ရေသည် စိုးရိမ်ရေမှတ်အနီး ၄၈၄ စင်တီမီတာထိမြင့်တက်လာပြီး အခြေခံပညာစာသင်ကျောင်းအချို့ကိုလည်းပြန်လည်ပိတ်ထားခဲ့ရကြောင်း သိရသည်။

ယခုလက်ရှိ အခြေအနေထိ မိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိသဖြင့် ဒီရေအတက်အကျမှာလည်း တိုးနေဦးမည်ဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချိုမြတ်မြတ်ထွေး  ( ကျိုက်မရော )