ရန်ကုန် ဇန်နဝါရီ ၁၃
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်က နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် အရေးပါလှသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၆)သို့ သင်တန်းသား (၆၆)ဦး၊ သင်တန်းသူ (၂၄)ဦး၊ စုစုပေါင်း (၉၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၃ ရက်မှ မတ် ၂၆ ရက်အထိ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


