ရန်ကုန် ဖေဖော်ဝါရီ  ၉

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်() သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီတွင် အဆိုပါတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့် တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ အရာထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊အမှုထမ်းများ စွမ်းဆောင်ရည်မြင့်မားပြီး အတွေး အမြင်များ ရှင်သန်ထက်မြက်စေရန်၊ နိုင်ငံ့ဝန်ထမ်းတစ်ဦး သိသင့်သိထိုက်သည့် သက်ဆိုင်ရာပညာရပ်များကို နားလည်သဘောပေါက်ပြီး စည်းကမ်းနှင့်ကိုယ်ကျင့်သိက္ခာမြင့်မားသော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဆောင်ရွက်နေရသူ များဖြစ်၍ စီမံခန့်ခွဲမှုစွမ်းရည်ထက်မြက်နေစေရေး ဥပဒေ၊နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ပြည်သူလူထုအ ကျိုးအတွက် စေတနာကို အခြေခံသော၊ ပြည်သူယုံကြည်အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်စေရေး ဝန်ဆောင်မှုစွမ်းအားကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိ သူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။

 

သင်တန်းသို့ သင်တန်းသား(၁၂၃)ဦး၊ သင်တန်းသူ(၁၁၉)ဦး၊ စုစုပေါင်း(၂၄၂)ဦး တက်ရောက်ကြပြီး   ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်အထိ ရက်သတ္တ(၁၀)ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

(သတင်းစဉ်)