မတ္တရာ  ၂၄   ဇူလိုင် 


ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တံငါတောင်ကျေးရွာရှိ ZY အုတ်စက်ဝန်းအတွင်း၌ ယနေ့ နံနက် ၉ နာရီက ယာဉ်တိုက်မှုဖြစ်ပွားရာမှ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ရေနံ့သာနယ်မြေစခန်းမှ တာဝန်မှူးနှင့် အသိသက်သေများသည် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းထွန်းမင်းလတ် မောင်းနှင်သောယာဉ်မှာ အုတ်စက်အတွင်း မြေချအပြီး ၄င်း အုတ်စက်ဝန်း အတွင်းရှိ လမ်းအတိုင်း မောင်းနှင်လာစဉ် အလုပ်သမား နေထိုင်ရာ နေအိမ်မှ လမ်းပေါ် ရောက်ရှိနေသော မသွန်းရတီ အသက်(၂)နှစ်အား ကားနောက်ဘီးဖြင့် တက်ကြိတ်မိပြီး မသွန်းရတီမှာ ရရှိသော ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့သဖြင့် မှုခင်းဆေးစာဖြင့် မတ္တရာဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။ 


ဖြစ်စဉ်မှ ယာဉ်မောင်း ထွန်းမင်းလတ်အား ရေနံ့သာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


စိုးကျော်သူထွေး(မတ္တရာ)