အုတ်ဖို သြဂုတ် ၂၉

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့ဝင်ဂိတ်များတွင်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့်စည်းကမ်းချက်များအား ဒေသခံပြည်သူများလိုက်နာမှုရှိ၊ မရှိ နေ့စဉ် စစ်ဆေးဆောင်ရွက် လျှက်ရှိရာ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများကလည်း အုတ်ဖိုမြို့အဝင်တာစုံဂိတ်နှင့် မြို့တော်ခန်းမရှေ့တို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

            အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စျေးသွားစျေးလာပြည်သူ ၂၁၆ ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူငါးဦး တွေ့ရှိခဲ့ကြောင်းနှင့် ရောဂါပိုးကူးစက် ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်သူ(အုတ်ဖို)