နေပြည်တော်၊ ဇန်နဝါရီ  ၁၉

 

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ပဲခူးရိုးမ အတွင်းရှိ ဆင်တဲကုန်း၊ ဝါးဖြူချောင်း၊ သိုက်ဝါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်းစောက်၊ ကိုင်းချိုကြီး၊ မြေပြာ၊ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမနှင့် ရွှေကြာအင်းကျေးရွာများကို ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ အဆိုပါကျေးရွာများမှ ပြည်သူများကို ရွာထဲမှမောင်းထုတ်နေပြီး ထွက်ခွာခြင်းမရှိသူများကို ပစ်သတ်မည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်တွင် ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။

 

အထက်ပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ အဆိုပါကျေးရွာများကို ယခုနှစ် ဇန်နဝါရီလအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် ပြည်သူများအား ရွာများမှထွက်ခွာခိုင်းခြင်းများ မရှိကြောင်း သိရှိရသည်။

 

အလားတူ ယနေ့နံနက် ၁၁ နာရီခန့်က ဘီးလင်းမြို့နယ် တက်တူကုန်းကျေးရွာထဲသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲရာ ပြည်သူသုံးဦးသေဆုံး၍ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၁၉ ရက်တွင် သိမ်ဇရပ်မြို့နယ်အတွင်း ပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုများမရှိကြောင်း သိရသည်။

 

အကြမ်းဖက်အားပေး မီဒီယာများအနေဖြင့် မြို့ရွာများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများက နယ်မြေဒေသလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းမှား များကို လူမှုကွန်ရက်တွင် အမျိုးမျိုးရေးသားဖြန့်ဝေနေကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn