နေပြည်တော် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝါးဖြူချောင်း ကျေးရွာနှင့် ချောင်းစောက် ကျေးရွာတို့ကို ဒီဇင်ဘာ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်း တု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အုတ်ဖိုမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းရက်နေ့က ဝါးဖြူချောင်း ကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်းမရှိကြောင်း၊ အဆိုပါ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် သတင်းမှာလည်း သတင်းအမှားသာဖြစ်ကြောင်း သိရသည်။ တရားမဝင် ပြည်ဖျက် မီဒီယာများက နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်း မှားများဖြင့် မဟုတ်မမှန်လုပ်ကြံ ရေးသားပြီး ဝါဒဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


