အုတ်ဖို ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် မိုးစပါးစိုက်ဧက (၁၀၀၃၇၄) ဧကအထိ စိုက်ပျိုးထားကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်အနေဖြင့် ယခင်နှစ် မိုးစပါးစိုက်ဧက (၁၀၀၃၇၁) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း ပျှမ်းမျှ (၇၈ ဒသမ ၄၅) တင်းနှုန်းထွက်ရှိခဲ့ကာ ဒေသဝမ်းစာဖူလုံမှုမှာ (၃၄၇ ဒသမ ၃၀) ရာခိုင်နှုန်းရှိသော်လည်း ယခုနှစ် မိုးစပါးစိုက်ဧကကို ဒေသဝမ်းစာဖူလုံရေးအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတို၍ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာကြောင်း၊ အုတ်ဖိုမြို့နယ်တွင် ရတနာတိုး၊ ဆင်းသုခ၊ ရက်-၉၀၊ GW-11၊ ထိုင်းနှံကောက်စပါးမျိုးများအား အများဆုံးစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းထံမှ သိရသည်။
အောင်သူ