အုတ်ဖို ၁ ဇန်နဝါရီ 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့ မြို့မ(၁)လမ်းရှိ မြို့လယ်နှစ်ထပ်ဓမ္မာရုံ သာသနာ့ဗိမာန်တော်ကြီးဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မြို့လုံးကျွတ် မဟာနိဗ္ဗာန်ဈေးပွဲတော်ကြီးကို ယနေ့ ညနေပိုင်းက အုတ်ဖိုမြို့၊ မြို့မ(၁)လမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

0970

 

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်ကို အုတ်ဖိုမြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ သြဝါဒလမ်းညွှန်မှုကိုခံယူကာ စေတနာရှင်မြို့နယ်သူမြို့နယ်သားတို့က ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။ ပွဲတော်တွင် စားသောက်ဖွယ်ရာမျိုးစုံ ကျွေးမွေးလှူဒါန်းခြင်းဖြစ်ပြီး မည်သူမဆို ဝင်ရောက်စာသုံးနိုင်ကြောင်းနှင့် ည ၇ နာရီတွင် ဒေါက်တာအရှင်တေဇောသာရဘိဝံသ မှ တရားရေအေး အမြိုက်ဆေးတိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

မြို့နယ် ပြန်/ဆက်(အုတ်ဖို)