အုတ်ဖို ၄ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စက်ဘီးစီး ပြိုင်ပွဲကို ယနေ့နံနက်  ၄ နာရီခွဲက ကျင်းပခဲ့သည်။

ပြိုင်ပွဲကို အုတ်ဖိုမြို့  မြို့တော်ခန်းမရှေ့မှ ပြိုင်ပွဲဝင်အားကစားသမား(၄၅)ဦးဖြင့် စတင်တာထွက်ခဲ့ပြီး  ဉတိုလမ်း၊ ရန်ကုန် -ပြည်ကားလမ်း၊ အုတ်ဖိုတာဆုံမှ (အထက)ကျောင်း အားကစားကွင်း လွတ်လပ်ရေးမုဒ်ဦးသို့ ပန်းဝင်ခဲ့ကြကြောင်း သိရသည်။

 

a

 

စက်ဘီးစီးပြိုင်ပွဲသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်သူဆွေ (ပြန်/ဆက်)