အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း စတင်

အုတ်ဖိုမြို့ ၊ ၂၇ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အုတ်ဖိုမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်နှင့် ကျန်းမာရေးဝန်ထမ်း(၂၇၈)ဦး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ (၁)ဦး၊ မြို့နယ်တိုင်းရင်းဆေးမှ(၁)ဦးတို့အား စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးစုရပ်၌ အရေးပေါ်ကျန်းမာရေးစောင့်ရှာက်မှုပေးနိုင်ရေးအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ (Medical Cover Team)အဖြစ် နံနက်ပိုင်းတွင် ဒေါက်တာအေးမြတ်သန္တာ ဦးဆောင်သောအဖွဲ့နှင့် နေ့လယ်ပိုင်းတွင် ဒေါက်တာထက်လင်းနိုင် ဦးဆောင်သောအဖွဲ့တို့မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်သူ(အုတ်ဖို)