အုတ်ဖို မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတင်ကျင်းပလျက်ရှိရာ ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို စာဖြေစင်တာ (၄)ခုဖြင့် ကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်နှင့် တာဝန်ရှိသူများက ကြည့်ကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ အုတ်ဖိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူ (၇၀၀)ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်ထံမှ သိရသည်။
အောင်သူ


