အုတ်ဖုတ်လုပ်ငန်းသို့ ခေါ်ဆောင်ကာ ကြွေးမြီဖြင့်နှောင်ဖွဲ့၍ အဓမ္မခိုင်းစေပြီး လုပ်အားခ ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

နေပြည်တော် မေ ၁၇

 

အုတ်ဖုတ်လုပ်ငန်းသို့ ခေါ်ဆောင်ကာ ကြွေးမြီဖြင့်နှောင်ဖွဲ့၍ အဓမ္မခိုင်းစေပြီး လုပ်အားခ ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်နေ မောင်စိုး၊ မြိတ်မြို့နယ်နေ ဒေါ်ကြည်သန်း နှင့် ဒေါ်မြင့်အေး တို့က မြိတ်မြို့နယ်နေ မောင်---- ၁၃နှစ်၊ ၁၁ အား ရှမ်းပြည် မီးသွေးလှေတွင် အလုပ်လုပ်ကိုင်ပါက ထိုင်းဘတ် ၂၀၀၀ ရရှိမည်ဟု ပြောဆိုစည်းရုံး၍ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညို ကျေးရွာ၊ ကဘင်းချောင်းဘေးရှိ မီးသွေးနှင့် အုတ်ဖုတ်လုပ်ငန်းသို့ ခေါ်ဆောင်ကာ ကြွေးမြီဖြင့်နှောင်ဖွဲ့၍ အဓမ္မအလုပ်ခိုင်းစေကာ ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မြိတ်မြို့မ ရဲစခန်း () ၁၈၂/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၃၅ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၁၅ ရက်တွင် တရားခံ  မောင်စိုး၊ ဒေါ်ကြည်သန်းနှင့် ဒေါ်မြင့်အေးတို့ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)