အုတ်တွင်း         ဇွန်       ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက တောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဇီးဖြူသောင်ကျေးရွာ၌ တောင်သူ ဦးမင်းယုချို၏ ကွင်းအမှတ်(၃၈၆/ခ) လယ်မြေတွင် ကောက်စိုက်စက်ဖြင့် တောင်သူများ လက်တွေ့သရုပ်ပြ မောင်းနှင်ခြင်းကို ဇွန် ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

သရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦးက ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က တောင်သူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အခမ်းအနားသို့ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူ များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)