အုတ်တွင်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းတွင် အခြေခံပညာ အထက်တန်းကျောင်း (အုတ်တွင်း)၌ ဖြန့်ဝေပေးသည်။
အဆိုပါ သတင်းစကားလက်ကမ်း စာစောင်တွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ မိန့်ခွန်း ကောက်နုတ်ချက်များ၊ ဘိုမျိုး(ရွှေဘို)ရေးသားသည့် နှင်းရည်ဆွတ်ဖျန်း ပွင့်ပန်း စုံညီ(ကဗျာ)နှင့် ဆောင်ပုဒ်များ စသည့် အကြောင်းအရာများပါဝင်ပြီး အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ အခမဲ့ထုတ်ဝေပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


