အုတ်တွင်း ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ဖေဖော်ဝါရီ ၆ ရက်က မြို့ပေါ် ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့် ဘုရားအနီးနှင့် ရန်ကုန်- မန္တလေး ပုံမှန်သွား လမ်းမကြီးဘေး အုတ်တွင်းပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်တုရှေ့နေရာတွင် စိုက်ထူခဲ့သည်။
အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာတွင် ၂၀၂၆ ခုနှစ် ပြည်ထောင်စုနေ့ ဦးတည်ချက်များနှင့် ပြည်ထောင်စုတိုင်းရင်းသားများ စုပေါင်းရိုက်ကူးသည့် မှတ်တမ်းဓာတ်ပုံများပါဝင်ကြောင်း၊ မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


