အုတ်တွင်း မေ ၂၁

 

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယနေ့ နံနက် နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်အောင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံ ပညာအထက်တန်းအဆင့် (Grade-11)သင်ရိုးသစ် သင်တန်းကျင်းပရခြင်းနှင့်  သင်ကြားမည့် ဆရာ၊ ဆရာမများ နစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရန်၊ သင်ကြားသင်ယူမှု စနစ်သစ်၏ ထိရောက်မှုကို နားလည်ရန်၊ သင်ရိုးသစ်ကို ကျောင်းသား၊ ကျောင်းသူများ ကောင်းစွာ လေ့လာသင်ယူနိုင်စေရန်တို့ကို ပြောကြားခဲ့ ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့  သင်တန်း(နည်းပြ)ဆရာဆရာမ(၁၁)ဦး ဦးဆောင်သင်ကြား ပို့ချပေးမှာဖြစ်ပြီး မြို့နယ်အတွင်းရှိ အထက်တန်းပြဆရာ၊ ဆရာမ (၁၃၄)ဦး၊ လေ့လာသူ(၃၃)ဦး၊ စုစုပေါင်း(၁၆၇)ဦး တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာ မေ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်ထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)