အုတ်တွင်း ​မေ  ၁၀

 

ပဲခူးတိုင်းဒေသကြီး တောင်ငူဆေးရုံ​ကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့နံနက် ၇ နာရီက အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် အုတ်တွင်းမြို့နယ်ရှိ ဒေသခံပြည်သူ ၃၉၇ ဦးအား ဆေးဝါးအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။ အဆိုပါ ဆေးဝါးအခမဲ့ကုသပေးရာသို့ အုတ်တွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)