အုတ်တွင်း မတ် ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ဆင်းရွှေကြာ -၂ မျိုး ဆီထွက်သီးနှံ နေကြာ ဧကပေါင်း ၂၁၂ ဒသမ ၅ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

 

အုတ်တွင်းမြို့နယ်အတွင်း နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့ စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ရေး အစီအစဉ်အရ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ ၄၀၀ ပြည်ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆင်းရွှေကြာ -၂ နေကြာသီးညှပ် စိုက်ပျိုးခြင်းကို ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် နေကြာသီးညှပ်စိုက်ဧက ၂၁၂ ဒသမ ၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၂ - ၂၀၂၃ ခုနှစ်အတွင်း လာမည့်ဆောင်းသီနှံတွင် နေကြာသီးညှပ် စိုက်ဧက ၃၂၂၂ ဧကနှင့် နေကြာသီးသန့်ဧက ၃၅ ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)

 

mdn